ဝိုင်(၂)

54.1K 2.8K 64
                                    

Unicode

Design ဆွဲနေရာကနေ ပန်းခိုက်ဦး နာရီကိုတစ်ချက်ကြည့်လိုက်သည်။ ည ၁နာရီကျော်နေပြီမို့ အိပ်ဖို့သာပြင်လိုက်သည်။မနက်လည်းစောစော ထရမည်မဟုတ်လား။ဝရံတာရှေ့ထွက်ရင်း အညောင်းပြေအညာပြေ လေ့ကျင့်ခန်းခဏ လုပ်နေလိုက်သည်။ ရာသီဥတု ကဆောင်းဝင်ခါနီးမို့ ဝေ့လာသော လေအေးလေးများက မျက်နှာပေါ် ရိုက်ခတ်လာတော့ ဟိုးအရင်အတိတ်က တစ်ယောက်သောသူကို လွမ်းမိသွားပြန်သည်။သူကရာသီဥတုအကူးအပြောင်းဆိုသိပ်ခံနိုင်ရည်မရှိတာမဟုတ်ဘူး။ ခုရော သူ ဖျားနေသလား။ သူဖျားနေရင်ပြုစုပေးမဲ့သူရှိပြီလား။ဟင့်အင်း ငါဘဲမင်းကိုပြုစုပေးချင်တာ။ ကျွန်တော်လေ သူဖျားပြီဆိုစိတ်ပူလိုက်ရတာ။
မေမေတို့မသိအောင် သူ့ဆီကိုခိုးထွက်လာပြီး သူ့ကိုဆေးသောက်ဖို့ ပြောရတာအမော။သူကလေ အငယ်မို့လို့လားမသိပေမဲ့ ဖျားရင်ဂျစ်တတ်တယ်။ ငါကလည်း အဲ့ဂျစ်တာလေးကို အသည်းယားခဲ့တာ။ မင်းဖျားရင်ပြုစုပေးမဲ့ မင်းမေမေရှိပေမဲ့ ငါကိုယ်တိုင်ကပြုစုချင်လို့ဖျားတိုင်းပြုစုပေးခဲ့တာမင်းမေမေကိုတောင်ငါအားနာလွန်းလို့။ မဟုတ်ရင် မင်းချွဲတာ မင်းဂျစ်တိုက်တာကိုငါဘယ်မြင်ရပါ့မလဲ။ အဲ့လိုရူးနှမ်းခဲ့တာ။တစ်ခါတစ်လေ အဆင့်အတန်းခွဲခြားလွန်းတဲ့မေမေက သူ့ဆီသွားတာ မြင်တဲ့နေ့ဆို ကျွန်တော့်ကို ဆူတယ်။ ဒါပေမဲ့ ကျွန်တော်က အမှတ်သည်းခြေမရှိခဲ့တော့ နေ့တိုင်းခိုးတွေ့ခဲ့တာပါပဲ။နည်းနည်းတော့ရီရတာပေါ့။မျိုးတူယောင်္ကျားတစ်ယောက်အပေါ် အဲ့လိုစွဲလန်းခဲ့တာအခုထိပဲ။

တွေ့ချင်တယ်။လွမ်းတယ်။ဒါပေမဲ့ ပျောက်ချက်သားကောင်းလွန်းတယ် မျှော်လင့်ချက်မရှိပေမဲ့  အစစအရာရာဂရုစိုက်ဖို့ပဲ မျှော်လင့်မိပါတယ်။
ဘာမှမတွေးချင်တော့ မဟုတ်ရင် သူဒီညအိပ်ဖြစ်မှာမဟုတ်တော့။ဆက်တွေးမိရင် လွမ်းတဲ့ဒဏ်တို့ရဲ့ နှိပ်စက်တာခံရင်း သူတိတ်တိတ်ကလေးငိုကြွေးနေမိမှာအသေချာမို့။

လင်းလက်နေတဲ့ကြယ်များနဲ့ လိုက်ဖက်စွာထိန်လင်းနေတဲ့လမင်းကြီးကိုကြည့်ရင်း တစ်ယောက်သောသူကိုမှန်းဆလျက်..

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now