ဝိုင်(အပိုင်းပို ၂ anniversary)

20.6K 745 44
                                    

Unicode

"ကိုကို ညကျမောင်တို့Dateရအောင်လေ"

"အင်း မင်းပြောမှဘဲ ကိုကိုတို့ မDateရတာတောင်ကြာပြီ"

"ပိုးရောလိုက်မယ်လေ"

"မရဘူးမလိုက်နဲ့ "

"သမီးက နောက်တစ်ခေါက်ကျမှလိုက်နော် လိမ္မာတယ်"

"ဟွန်း"

မင်္ဂလာနှစ်ပတ်လည်မို့ မနက်ခင်းပိုင်းကို အလှူလုပ်ပြီး ညပိုင်းတွင်တော့ ကိုကိုနဲ့dateဖို့တွေးထားပြီးသားပင်။သူကလည်း အချိန်ပြည့်အလုပ်နဲ့မလွတ်ရ။ကိုကိုကလည်း တနေကုန် ကလေးထိန်းရသည်။ကိုယ်က အလုပ်ကနေအိမ်ပြန်ရောက်ချိန်က နောက်ကျတယ်။အဲ့တော့နှစ်ယောက်သား အိပ်ချိန်ပိုင်းမှာဘဲအေးဆေးတွေ့ရတာ။ဒီနေ့တော့ ကိုကိုနဲ့အတူတူကုန်ဆုံးဖို့ ဆုံးဖြတ်ထားသည်။မDateရတာလည်း ကြာပြီမလား။

သမီးကိုလိုက်ခိုင်းလို့ ဖြစ်ပေမဲ့ အခုကကိုယ်တွေရဲ့ကိုယ်ပိုင်အချိန်လေ။အင်းးးးကိုစျာန်တို့နဲ့ ခဏလွှတ်ထားလိုက်ရင် ကောင်းမလား။

"ကိုကို"

သူ့ဘေးတွင် လှဲကာဖုန်းသုံးနေသော ကိုကို့ကိုခေါ်လိုက်တော့ ကိုကိုက သူ့ကိုလှည့်မကြည့်ဘဲ "အင်း"ဆိုသည့် တစ်လုံးသာ ပြန်ဖြေလာသည်။သူဘဝင်မကျပါ။ကိုယ်ခေါ်ရင် ကိုယ့်ကိုကြည့်ပြီး ပြန်ထူးမှသဘောကျတာ။အခုလိုကျ ပလစ်ခံ​နေရသလို ခံစားရသည်။တခါတလေကျတွေးမိတယ်။ငါအလုပ်တွေဘဲ အချိန်ပေးနေရင်ကိုကို "ငါ့ကိုအချစ်လျော့သွားမလား" ဆိုပြီးတွေးပူတတ်တာတွေ ရှိတယ်။အဲ့လိုတွေးပူမိတိုင်း ရှိသမျှ အလုပ်တွေဇေယျာဆီ ပုံအပ်ကာ မိသားစုလိုက်ပျော်ပွဲစားခရီးဖြစ်ဖြစ် အိမ်မှာဘဲအတူတူကုန်ဆုံးတာပဲ ဖြစ်ဖြစ်လုပ်ဖြစ်သည်။ဇေယျာကလည်း သူချည်းအလုပ်တွေဖိလုပ်ရလျှင် တခါတလေကျ အလုပ်ထွက်မယ်ချည်း တကဲကဲလုပ်ရင် ကိုယ်ကဘဲအလိုက်တသိနဲ့ ဘောနပ်စ်လေးပေးရသည်။ လူယုံတစ်ယောက် လက်လွတ်ရမည်ကို မလိုလား။

"ဘာလဲ မောင် ပြောလေ"

အတွေးတောထဲနှစ်နေသည့် ကြားက ကိုကို့ခေါ်သံကြောင့် အသိပြန်ဝင်လာကာ"ဘာမှမဟုတ်တော့ဘူး"ဟူသည် ခပ်စူစူစကားသာ ပြန်ပြောလိုက်သည်။သူ့မှာစိတ်ဆိုးပိုင်ခွင့်တော့ ရှိတယ်မလား။ကိုယ်မကြိုက်မှန်းသိရဲ့နဲ့ ကိုကိုလုပ်လိုက်တာမလား။ကိုကိုနဲ့ပတ်သတ်ရင် over thinkingဖြစ်တတ်သလို sensitive ဖြစ်လွယ်တယ်။အရင်က ကိုယ့်ခံစားချက်က အဲ့လောက်ထိမပျော့ညံ့ပေမဲ့ အခုကအသက်ကြီးလာလို့ဘဲလားမသိ။ကိုကိုနဲ့ပတ်သတ်ရင်စိတ်ကပျော့သလို တစ်ခုခုဆိုကိုယ့်ကိုအချစ်လျော့နေပြီပဲထင်တာ။ဒီလူသားလေးအပေါ်  မြတ်နိုးစိတ်တွေ၊ ချစ်တဲ့စိတ်တွေ၊ သံယောဇဥ်တွေနဲ့ချည်နှောင်ထားတဲ့ကိုယ့်ရဲ့တစ်ခုတည်းသော အားနည်းချက်​လေး ဖြစ်နေတာမတတ်နိုင်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now