ဝိုင်(၁၇)

30.3K 1.5K 47
                                    

Unicode

"ဟယ်လို ​အေး မင်းတို့ အိမ်နား​ရောက်​တော့မှာလား"

"..."

"​နေ​နေ မျက်စိလည်​နေမယ် ငါ ကားနဲ့ လာ​ခေါ်မယ် အဲ့မှာ​စောင့်​နေ"

သူငယ်ချင်းစုံတွဲမှာ အိမ်လာလည်မည် ဟု​ထူးထူးခြားခြားပြောလာသည်။ကိုယ့်​ခြေကိုယ်ရပ်တည်​နေတဲ့သူတို့အတွက် ငယ်စဥ်ကလို​ တွေ့ချင်တိုင်း​တွေ့လို့မရတော့။အလုပ်ကိုယ်စီနဲ့ဆိုတော့ မအားလပ်ကြတာများသည်။သူလည်းအရင်ကသာအား​နေပေမဲ့ အခု​​​သမီး​ပါ ထိန်း​နေရတာ​ကြောင့် မအား​ပေ။လမ်းမသိ​တဲ့ သူငယ်ချင်း​တွေဆီ ကားနဲ့သွား​ခေါ်ဖို့ ထိုင်ရာမှထလိုက်​သော်လည်း တ​စ်မနက်လုံး​တောက်တဲ့လို ကပ်​နေတဲ့လူ​ကြောင့် သက်ပြင်းချမိသေးသည်။

"ဖယ်စမ်း"

"ဟင့် ကိုကိုကလည်း အော်ပါနဲ့"

သူမျက်နှာတည်ဖြင့် လေသံမာမာဆိုလိုက်​တော့ မျက်နှာငယ်​​လေး ဖြစ်သွားပြန်သည်။မ​နေ့ကကိစ္စသူ့စိတ်ထဲခုနေသည်။​"ဘာဖွတ်ထားတာလဲ​​"မေးတိုင်းဘာမှမဟုတ်ပါဘူးချည်း​ ဖြေ​နေတဲ့​လူကြောင့် စိတ်ကမရှည်​တော့။ စကားလည်းမ​ပြောချင်တာ​မို့ ဒီ​နေ့ထိ စကားကိုလုပ်မ​ပြော။အဲ့တာကို ကိုယ်​တော်​ချောက အလုပ်​တွေပစ်ချထားပြီး စိတ်ဆိုး​နေ​တဲ့ ကိုယ့်ကို ကပ်ချွဲ​နေတာ။သမီး​တောင် သူ့လောက်ကပ်ချွဲတာမဟုတ်ဘူး။

"​မောင်လည်းလိုက်မယ်​လေ"

"ရှုပ်တယ် မလိုက်နဲ့ "

"ကိုကို...."

"​ကလေးမဟုတ် သူငယ်မဟုတ် လုပ်မနေနဲ့ သမီးကိုသွားထိန်းစမ်းပါ က​လေးကတစ်​ယောက်ထဲထိုင်​ဆော့​​နေတာ သွား​ဆော့​ပေးလိုက် ငါ သွား​ခေါ်လိုက်ဦးမယ်"

မွေးပွ​ကော်​ဇော်​ပေါ် အရုပ်​လေးတွေနဲ့ ဆော့နေ​တဲ့သမီးဖြစ်သူထံ​ မေး​ငေါ့ပြလိုက်​တော့ ဘာမှမ​ပြော​တော့ဘဲ သမီးနဲ့သွား​ဆော့​ပေး​​ရှာသည်။

"​ပိုးပိုးလေးသိလား သမီး ​ဖေ​ဖေက ​ဖေ​ကြီးကိုမချစ်​တော့ဘူးMorning kiss တောင်မ​ပေးဘူး ​ပြော​တော့ချစ်တယ်တဲ့ "

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now