ဝိုင်(၁၈)

28.8K 1.3K 41
                                    

Unicode

"မောင့်ကိုလက်ထပ်နိုင်မလား မောင့်အသက်"

တိတ်ဆိတ်နေတဲ့ ခန်းမတစ်ခုလုံးကို ဖြိုခွင်းလိုက်တဲ့မောင့်အသံ။ကြည်နူးမှုအပြည့်ပါတဲ့မောင့်ရဲ့   အသုံးပြုလိုက်တဲ့ စကားလုံးလေးတွေ က သူ့ရင်ကိုသေမတတ်ခုန်သွားစေသယောင်။ ဘာတဲ့ မောင်ကိုလက်ထပ်နိုင်မလားတဲ့လေ ပြီးတော့အများရှေ့မှာ မောင်ကိုယ်တိုင် လက်ထပ်ခွင့်တောင်းသတဲ့။သူပျော်လွန်းလို့ထခုန်မတတ်။လူမသိသူမသိအိမ်ထောင်ရေးကိုပိုင်ဆိုင်ထားခဲ့ပေမဲ့ အခုလို မောင်ကိုယ်တိုင်ခွင့်တောင်းတဲ့အိမ်ထောင်ရေး က သူ့အတွက်အိမ်မက်တစ်ခုလိုဖြစ်ခဲ့သည်။

"မောင် ကိုကို့ ကို တရားဝင်ပိုင်ဆိုင်ချင်တယ် အရင်ကမောင့်အမှားတွေအတွက်လည်း တောင်းပန်ပါတယ်နော် ခွင့်လွှတ်ပေးဖို့လည်းမောင်တောင်းဆိုပါရစေ မောင့်ဘဝတစ်ခုလုံးကိုကိုနဲ့ဘဲဖြတ်သန်းချင်တယ် မောင်မင်းကိုလက်မလွှတ်ချင်ဘူး"

"ဝိုးးးးး"

သတိပြန်ဝင်လာပုံထောက်တဲ့ လူတစ်စုမှာအားကျခြင်းများစွာဖြင့် အသံများထွက်ပေါ်လာသည်။
အဖြေစောင့်နေတဲ့မောင့်ကို ကြည်နူးစွာကြည့်မိသည်။ဒီလူသားဟာ ကျွန်တော့်အပိုင်။

"မောင့်ဘဝမှာ ကိုကိုကအရာရာဘဲမို့ မောင့်ကိုလက်ထပ်ခွင့်ပေးနိုင်မလား"

"ဒါပေါ့မောင် လက်ထပ်မှာပေါ့ ငါမင်းကိုလက်ထပ်မယ် "

"ဝေးးးး"

ဖြေသံအဆုံးထွက်ပေါ်လာတဲ့ ဆူညံသံကြီးနဲ့အတူလက်ခုပ်သံတွေပါ ပေါ်ထွက်လာလျက်။

မောင်က နူးညံ့စွာတစ်ချက် ကြည့်ရင်း လက်တစ်ဖက်ကိုငြင်သာစွာဆွဲယူကာ ကတ္တိပါဘူးနီလေးထဲက ရွှေလက်စွပ်လေးတစ်ကွင်းကို ထုတ်ကာစွပ်ပေးသည်။လက်စွပ်လေးက ရွှေပွတ်လုံးလေးဖြစ်ပြီး စိန်တန်းလေးပါ ထည့်ထားသည်။ ဒီဇိုင်းလေးကတော့ရိုးရိုးရှင်းရှင်းသာ။လက်နဲ့ကွက်တိဘဲမို့ အဆင်ပြေသည်။သူ့လက်ဖွေးဖွေးလေး ပေါ်ကျရောက်လာတဲ့ အနမ်းလေးကခပ်ဖွဖွ

"အတော်ပဲ မောင်ကမတော်မှာစိုးနေတာ"

သူ့မှာ ဘာစကားမှပြန်မပြောနိုင်တော့ မောင့်ကိုသာငေးကြည့်နေမိတော့သည်။ဘဝမှာအပျော်ရဆုံး အချိန်က ဒီအချိန်ဆိုမမှား။တစ်သက်မှာတစ်ခါ ကိုယ်ချစ်ရတဲ့သူ နဲ့ ပေါင်းဖတ်ချင်တာလူတိုင်းရဲ့ဆန္ဒ​မဟုတ်လား။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now