ဝိုင်(၉)

37.4K 2.3K 69
                                    

Unicode

ဒီပါဦးမောင်အလုပ်ကအိမ်ရောက်ရောက်ချင်း တံခါးဝ၌စောင့်ကြိုနေသောလူကိုတွေ့လိုက်ရသည်။လက်ထဲမှာလည်းဖန်ခွက်လေးနဲ့

"ရော့ သံပုရာရည်သောက်"

"ဒီတစ်ခါတော့ဟုတ်လှချည်လား သံပုရာရည်အဆင့်တော့တက်လာပြီ"ဟု စိတ်ထဲမှချီးကျူးရင်း သံပုရာရည် ယူသောက်လိုက်တော့

"ဖွီးးး"

"ဟာ မောင် ဘာဖြစ်တာလဲ ဟမ် ဟမ်"

ချဥ်လိုက်တာကွာ ။ဒီလူ သံပုရာသီးတင်ညှစ်လာသလား။ငါကွာ...

"ခင်ဗျား.."

"ဟင်"

"သံပုရာသီးတင်ညစ်လာတာလား ဟမ်"

"ဘာဖြစ်လို့လဲ ငါသေချာဖျော်ထားတာပါ"

"မြည်းရောမြည်းကြည့်လား"

"ဟင့်အင်း"

"ရော့ သောက်ကြည့်"

"အင်း ငါသောက်ကြည့်မယ်"

ပြွတ်

"ခင်ဗျား"

သံပုရာရည်မသောက်ဘဲ နှုတ်ခမ်းကိုလာစုပ်သွားတဲ့သူကြောင့် လန့်ပင်လန့်သွားရသည်။ဒီလူတော်တော်အတင့်ရဲနေတာ။ဘယ်ကသတ္တိတွေရလာတယ်မသိ။ငြိမ်ခံရင်ရောင့်တက်လာလိမ့်မယ်။ကိုယ့်ဘက်ကပျော့လိုက်လို့မဖြစ်ဘူး။ရည်ရွယ်ချက်က ဒုက္ခရောက်စေချင်တာလေ ကြမ်းပေးမှရတော့မယ်။

"ခွမ်း"

လက်ထဲမှ ဖန်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချရင်း နှုတ်ခမ်းကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။သူ့ရှေ့မှခန္ဓာကိုယ်လေးမှာ လန့်၍တုန်တက်သွားသည်။

"ကျုပ်ကိုအကဲလာမစမ်းနဲ့ ကျုပ်ရွံတယ်လို့ပြောထားပြီးသား ဘာလဲ ကျုပ်ကို လာမြူဆွယ်ပြီးကျုပ်ပိုင်ဆိုင်တာတွေအပိုင်သိမ်းမယ်ပေါ့ ဟက်"

"မင်း မဟုတ်တာတွေမပြောနဲ့ ငါကမင်း အိမ်ထောင်ဖက်ဆိုတာ မမေ့စေနဲ့ မင်းဘာသာဘယ်လိုဘဲပြောပြော ဘယ်လိုဘဲဖြစ်ဖြစ် အိမ်ထောင်ဖက်တစ်ယောက်အနေနဲ့ သူလုပ်ပိုင်ခွင့်ဆိုတာ ရှိပြီးသားပဲ"

" အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ ခင်ဗျားလည်း မမေ့စေနဲ့  "

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now