ဝိုင်(၇)

36.9K 2.2K 118
                                    

Unicode

"မစားရဘူး"

"ဘာလို့လဲ စားချင်လို့ကို"

"...."

"ငါစားချင်တယ်လေကွာ"

"...."

"မောင်.... နော်"

"ခင်ဗျား အစပ်စားနိုင်တာကျလို့ ပြီးရင်ဗိုက်နာတော့မှာ စားချင်လည်းစား သဘောဘဲ ကိုယ်ဖြစ်ကိုယ်ခံ"

"ငါ အိမ်ပြန်ရောက်ရင်ဆေးသောက်ပါ့မယ်ကွာ နော် "

"ကျုပ်အိမ်ဘဲပြောင်းနေမှာ"

"ဟမ် ဘာလို့လဲ"

"အခုစားပြီးရင် ကျုပ်အိမ်ဘဲ တန်းပြန်မယ်"

"အဲ့ကျ ငါ့ အဝတ်စားတွေကျကော"

"ကျစ်...နောက်နေ့မှယူတော့"

ဘာမှပြန်ပြောမနေတော့ ဘဲwaiterကိုသာလှမ်းခေါ်ရင်း သူစားချင်တာကိုသာ မှာလိုက်တော့သည်။သူနဲ့ပြိုင်ငြင်းနေရင် ဒီည စားရတော့မှာမဟုတ်ဘူး။

"အကို့ကို ထမင်းဖြူရယ် ထိုင်းပင်စိမ်းအစပ်ချက်ရယ် ပင်လယ်စာမုဆိုးဗန်းရယ် ပြီးတော့ မောင် မင်းရော ဘာစားမလဲ"

"အင်း...ကိုယ့်ကို ဝက်လက်ထမင်းပေါင်းဘဲပေးပါ"

"အဲ့ဒါဆိုဒါဘဲ ညီလေး"

"ဟုတ်ကဲ့ဗျ"

မှာပြီးသည်နှင့် သူ မောင့်ကိုကြည့်လိုက်သည်။မောင်ကတော့ မျက်မှောင်ကြုတ်နေလျက်။ မျက်နှာချောချောလေးရှိနေရက်နဲ့ရုပ်ဖျတ်ချင်နေတာ။သူလက်တစ်ဖက်ကိုရှေ့လှမ်း၍ မောင့်ရဲ့ကြုတ်နေတဲ့မျက်ခုံး၂ဖက်ကို အသာဖြေလျော့လိုက်သည်။
မောင်ကရုတ်တရက်ဆိုတော့ ကြောင်သွားသည့်ပုံရသည်။ အသိဝင်လာတော့ မောင်ကခေါင်းကိုအနည်းငယ်ယို့သွားတော့ ကြောင်အမ်းအမ်းဖြင့်သာသူ့လက်ကို ရုတ်သိမ်းလိုက်မိသည်။

"ဘာလုပ်တာလဲ"

"မင်းက ငါ့ကိုတွေ့တာနဲ့ မျက်မှောင်ကြုတ်နေတော့တာပဲ မျက်ခုံးမညောင်းဘူးလား ဟမ်"

"ကျုပ်သဘောလေ နောက်ခါကျုပ်ကိုမထိနဲ့"

ငါ့ကို ဘယ်လောက်ရွံ့မုန်းနေလည်း မသိတော့။ဘယ်အရာက စမှားသွားလည်းဆိုတာလည်း ငါမသိဘူး။
ဆို့တတ်လာတဲ့ ခံစားချက်တွေကို မျိုသိပ်ကာ မာနတစ်ချို့တို့က ကပ်ပါလာခဲ့သည်။ ကျွန်တော်ဝမ်းနည်းတာပေါ့။ ငိုချင်တယ် ။မငိုမိအောင် အာရုံပြောင်းတဲ့ အနေနဲ့ရောက်လာတဲ့ ထမင်းကိုသာ သဲကြီးမဲကြီး စားနေမိတော့တယ်။နာတယ်။ ရင်ထဲကနာတယ်။

နှင်းဆီထက်ကဆူးခက်ဝိုင်[Completed]Where stories live. Discover now