1

15.2K 649 14
                                    

ရာသီဥတုကဆောင်းဝင်ချိန်ဖြစ်၍
မနက်ခင်းချိန်တွင်နှင်းမှုန်လေးများဖြာကျနေသည်။

အပြင်ဘက်မှာ ဘယ်လောက်အေးနေပါစေ
ကျဥ်းမြောင်းသော တစ်ကိုယ်စာအိပ်ခန်းထဲ၌
ဖျာလေးတစ်ချက်ပေါ်တွင် ဒူးနှစ်ဖက်ကိုပိုက်၍
ကျုံ့ကျုံ့ကလေးထိုင်နေသော
ကောင်လေးတစ်ယောက်၏ ရင်ထဲမှာတော့
မီးမြိုက်ခံရသကဲ့လို့ ပူလောင်လွန်းနေသည်။

ငွေလွာ မနေ့ညကတစ်ညလုံးမအိပ်ဘဲ စဥ်းစားမိသည်။
မောင်ပြောခဲ့သည့်စကားတွေက အမှန်ပါပဲ၊
အလွာ ကသာ တုံးအခဲ့တာ၊

ဘဝအကျိုးပေးမကောင်းခဲ့လို့
ပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်ရခဲ့ပေမဲ့
အားနည်းချက်ကို ပိုပိုသာသာဖိနင်းပြီးပြောခဲ့သည့်
မောင့်စကားတွေကိုပြန်တွေးမိတော့
အလွာ ပိုဝမ်းနည်းရသည်။

*နှစ်ဦးနှစ်ဖက် အမှားတဲ့လား
ဟင့်အင်း မဟုတ်ပါဘူး ဒါအလွာ့အမှားမဟုတ်ဘူး
အဲ့ဒီညက မောင် အရက်တွေအလွန်အကျွံသောက်လာတာ
တွဲခေါ်မယ့်သူမရှိလို့ အလွာကူတွဲပေးခဲ့ရုံပဲ ။*

အလွာ့နေရာမှာ မမလေးထိပ်ထားစံ သာဖြစ်ခဲ့ရင်
ကလေးရှိကြောင်းသာသိခဲ့ရင်
ဒီလိုကြမ်းတမ်းတဲ့စကားတွေ မောင့်နှုတ်ကထွက်ပါ့မလား။

မွေးမလာသေးသည့်ကလေးကိုလဲ
ခါးခါးသီးသီးဖြစ်နေသည့် မောင့်မျက်နှာ၊
သွေးကြောတွေထင်းနေအောင် လက်သီးကျစ်ကျစ်
ဆုပ်ထားပြီး ဒေါသတွေထိန်းချုပ်နေသည့်
မောင့်အပြုအမူတွေကို ပြန်စဥ်းစားကြည့်တော့
အလွာ စိတ်ထဲ၌အလွန်ထိတ်လန့်မိသည်။

မဟုတ်မှလွဲရော
ဖျက်ချခိုင်းတာတို့လုပ်ခိုင်းလာရင် ဘယ်လိုလုပ်မလဲ။
ဘယ်လိုဖြစ်ဖြစ်သူချစ်သည့်လူကသူ့အားအလိုမရှိပေမဲ့
တစ်ကြိမ်တစ်ခါမှားခဲ့ရုံလေးနဲ့ မိမိဝမ်းထဲကပ်တွယ်လာသည့်
ချစ်ရသူရဲ့သွေးသားလေးကတော့ သူ့ကိုအလိုရှိပုံရသည်။

ရွာမှာနေတုန်းကလည်း ထမင်းချက် အဝတ်လျော်တွေ
လုပ်ခဲ့ရလို့ အတော်ကျွမ်းကျင်သည်။
အနည်းဆုံးတော့ စားသောက်ဆိုင်တို့ ထမင်းဆိုင်တို့မှာ
ဝင်လုပ်လို့ရသည်။

for the rest of my lifeOpowieści tętniące życiem. Odkryj je teraz