15 (Unicode & Zawgyi)

9.5K 511 60
                                    

ငွေလွာတစ်ယောက် အိပ်ချင်ယောင်ဆောင်ရင်းနဲ့ပဲ
မှေးကနဲ့ အိပ်ပျော်သွားသည်။အိပ်တစ်ချက်နိုးတစ်ချက်နဲ့
တစ်စုံတစ်ခုကသူဝမ်းဗိုက်နားကို လှုပ်စိလှုပ်စိဖြစ်အောင်
လာလုပ်နေသလိုခံစားနေရတာကြောင့် နိုးလာသည်။

ငုံကြည့်လိုက်တော့ ပလက်ကလေးနဲ့လက်ချောင်းလေးကို
စုပ်ရင်း ခြေထောက်သေးသေးလေးကို ဟိုရမ်းဒီရမ်းလုပ်ကာ တစ်ယောက်တည်း စကားတွေပြောပြီးနေနေတဲ့ပိစိလေး။

မောင်ကတော့ အနောက်ကနေ အလွာ့ကိုဖက်ထားပြီး
အသက်ရှုသံမှန်မှန်နဲ့ အိပ်ပျော်နေတုန်း။

အောက်ဘက်ကို အနည်းငယ်လျောနေတဲ့
သားရဲ့ခေါင်းနဲ့ပုခုံးသေးသေးလေးကို ထိန်းကိုင်ဆွဲကာ
လက်မောင်းကြား ပြန်ထည့်လိုက်သည်။

"ဝူး..အဲ့..ဘူးး ဘူးး"

ပလက်ကလေးနေရာမှ ချက်ချင်း အလွာ့ဘက်လှည့်လာပြီး မျက်နှာကို လက်ကလေးနဲ့လာကိုင်ပြီး ဘာတွေပြောနေမှန်း
မသိ။

"အဲ.ဘူး ဘူး ဘူးးး."

"သားသားလေး နိုးနေတာကြာပြီလား ကလေးလေးက
လိမ္မာတယ်ဗျာ မငိုပဲငြိမ်ငြိမ်လေးနေပေးတာ ဟုတ်လား"

သေးခံကိုစမ်းကြည့်တော့ သေးလည်းမပေါက်ချထား။
အလည်လေးက အဲ့တာကြောင့်ငြိမ်နေတာကိုး။

"ချိုချိုဆာပြီလား.. ဘာလို့ အဲ့နှုတ်ခမ်းသေးသေးလေးက
ဘူးမှုတ်နေတာလဲလို့.... ရွှတ်...ပါးစပ်ကလေးဟပါဦး "

"ပြွတ်ပြွတ်ပြွတ်ပြွတ်"

ဒီ ၅ လကျော် အရွယ်လေးက အက်ျီလှန်ပေးတာမြင်ရင်
နို့စို့ရတော့မယ်ဆိုတာ သိတယ်တဲ့လေ...
အစားဆို နှစ်ခါမငြင်းဘူး စို့ရမယ်သိတာနဲ့
တန်းဟပေးလာတဲ့ပါးစပ်ကလေး။

"ရွှတ် ဒီလက်ကလေးက နို့နို့ကိုင်ထားရမှကျေနပ်တာလား
အငြိမ်မနေနိုင်ဘူးလား ... ဟင်... လူကြားထဲနို့တောင်းရင်
ပါးပါးဘယ်လိုလုပ်ရမတုန်း"


မောင်နိုးသွားမှာဆိုးလို့ သိပ်လဲမလှုပ်ရဲ
ခပ်တိုးတိုးလေသံနဲ့သာ
သားကို မြူပြီး နို့တိုက်လိုက်သည်။

for the rest of my lifeDonde viven las historias. Descúbrelo ahora