7

9K 471 23
                                    


.......................................

ကိုယ်ဝန် ၆လ။





"ငွေလွာ! ငွေလွာ! ငါခေါ်နေတယ်မကြားဘူးလား! "


"ဟုတ် လာပါပြီ"


လှေကားအပေါ်ထိပ်ကနေ လှမ်းခေါ်နေတဲ့မောင့်ကြောင့်
လုပ်လက်စအလုပ်ကို လက်စသတ်ပြီး
ခပ်သုတ်သုတ်လျှောက်ကာ ပြန်ထူးလိုက်သည်။

လှမ်းကြည့်လိုက်တော့ မောင်က
သူ့အခန်းဆီ ပြန်သွားလေသည်။
ကြည့်! လူကို လှေကားအတက်အဆင်း လုပ်ခိုင်းပြန်ပြီ။


အခန်းထဲရောက်တော့ မောင်က
အဝတ်ဗီဒိုကို လှန်လောရှာနေတာကြောင့်

"ဘာရှာပေးရမလဲ အလွာ့ကိုပြောလေ"

အလွာ မေးပြီးသည့်တိုင်အောင်
မောင်က ဘာစကားမှပြန်မပြောဘဲ
အဝတ်တွေသာ ဆက်ရွေးနေသည်။

ဒီလိုသာဆို ငွေလွာတစ်ယောက်တော့
ဇတ်ညောင်းမတတ် အက်ျီတွေကို
မီးပူ ပြန်တိုက်ရတော့မယ့်ကိန်းပါလား

မောင်ဟာလေ သူမီးပူမတိုက်ရတိုင်း
ရှိသမျှအဝတ်တွေကို ဖွချင်တိုင်းဖွနေတော့တာပဲ...

ဂုဏ်ဓန သူနဲ့မတော်တော့တဲ့
အက်ျီတွေဘောင်းဘီတွေ
ရွေးထုတ်နေတာကြောင့် ပြန်မပြောအား ...

"ရော့! ..."

"အင့်..."

အလွာ့မျက်နှာဆီ ရုတ်တရက်ပျံဝဲလာတဲ့
အက်ျီတစ်ပုံကြောင့် အသံထွက်မိသည်အထိ ဖြစ်သွားသည်။
အက်ျီတစ်ထည်ရဲ့ကြယ်သီးက
ငွေလွာ့မျက်လုံးကိုရိုက်ခတ်သလိုဖြစ်ကာ
နာသွားတာကြောင့် လက်တစ်ဖက်နှင့်မျက်လုံးကို
အုပ်ကိုင်ပြီး အနာသက်သာအောင်ပွတ်နေမိသည်။


"ဘာဖြစ်တာလဲ ဒါလေးပစ်ပေးတာ
အဲ့လောက်နုနေစရာလား"

ငွေလွာ ဘာမှပြန်မပြောဖြစ်ပါ။
ဘာပဲဖြစ်ဖြစ် အရေးတယူမခံရပဲ ပစ်ထားခံခဲ့ရတဲ့သူပီပီ
အသေးအဖွဲ့ နာတာကအစ မည်သူ့ကိုမှ
ပြန်မပြောပြဖြစ်တာ ငယ်စဥ်ကတည်းက...


"ဒီအဝတ်တွေကို အလွာ ဘာလုပ်ပေးရမလဲ"


"ဝတ်ခိုင်းတာ နောက်တစ်ခါငါနဲ့ ဆေးခန်းပြတဲ့အခါ ဝတ်ခဲ့
တစ်ခါလာလည်း ပေတိပေစုတ်အက်ျီနဲ့
အရောင်လွင့်တဲ့ ဘောင်းဘီနဲ့
လူတောကိုမတိုးဘူး"


for the rest of my lifeWhere stories live. Discover now