14 (Unicode & Zawgyi)

9.2K 394 28
                                    

"မောင် အလွာဖိနပ်လည်းမစီးရသေးဘူးလေ...
ခဏလေးနော် ဖိနပ်စင်မှာ ပြေးယူလိုက်မယ်"

ကားထဲဝင်ပြီးကာမှ ပြန်ထွက်မယ်ပြင်နေသည့်သူကို လက်မောင်းကဆွဲပြီးတားလိုက်သည်။

"မောင် ဘာပြောထားလဲ လမ်းမလျှောက်ရဘူးလို့
မပြောထားဘူးလား"

"ပြောတော့ အပြင်မှာစားမှာဆို ဖိနပ်...ဟင်...မဟုတ်ဘူးနော်"

အခုမှကိုယ်ပြောတာအတွေးပေါက်သွားတဲ့ ခွေးပေါက်လေး၊
ကားစက်နှိုးကာ ခြံဝန်းထဲမှ ထွက်လာလိုက်သည်။

"ဘာမှမဖြစ်ဘူး မောင်တို့ပိုင်တဲ့ Hotelကို သွားမှာ၊ 
အဲ့Hotel ကြောင့်အလုပ်တွေအရမ်းရှုပ်နေခဲ့တာ
သားနဲ့မင်းအနားတောင် သိပ်မကပ်နိုင်ခဲ့ဘူး "

အလွာထင်နေခဲ့တာက သားကိုမောင်ကချစ်ပေမယ့်
သူ့ကြောင့် သားအနားကိုသိပ်မလာတာဖြစ်မှာ
အဲ့တာကြောင့် ညနေ မောင်ပြန်လာမယ့်အချိန်
သားကိုနို့ကြိုတိုက်ထားပြီး
မောင့်အမေလက်ထဲ သွားပို့ရတာ အမော။

"အဲ့တာကို  အလွာရှိလို့ မောင်က သားအနားမလာတာဆိုပြီး
ထင်နေခဲ့တာ"

"ဟာကွာ... အဲ့လိုမဟုတ်ပါဘူး မောင်တစ်ကယ် မအားခဲ့တာ
မောင်ပြောတာယုံပါ"

ဂုဏ်ဓနကားမောင်းနေရင်း လက်တစ်ဖက်က ငွေလွာ့လက်ကလေးပေါ်အုပ်ကိုင်ထားလိုက်သည်။

"ဟုတ် ယုံတယ်"

"ဟုတ် လို့မပြောနဲ့ ပေါ့ပေါ့ပါးပါး အင်း လို့ပဲပြော
မောင်က မင်းထက် နှစ်နှစ်တောင်ငယ်တယ်လေ
ဒါပေမဲ့လည်း အသက်ကလွဲလို့ ကျန်တာအကုန်
မောင်ကကြီးတာ"

အလွာ့ကိုယ်လုံးကို စုန်ချည်ဆန်ချည်ကြည့်ကာပြောရင်း အလယ်ရပ်ဝန်းမှာ အကြည့်တို့က ရပ်သွားလေသည်။

"အာ.. မောင့်......အလွာက အသက်ကြီးလို့ အကိုကြီးနော်"

"ဘာအကိုကြီးလဲ  မောင့်ယောက်ျားပါ"

"ဟီးးး ဒါနဲ့လေ အလွာ ဖိနပ်မပါဘူးမောင်
ချီတော့မချီပါနဲ့နော် ဖိနပ်ပြောင်နဲ့လဲ အလွာလျှောက်ရဲတယ် "

"ချီပဲသွားသွား မှောက်ယက်ပဲသွားသွား ဘယ်ကောင့်မှ
စောက်ဂရုစိုက်စရာမလိုဘူး "

for the rest of my lifeWhere stories live. Discover now