4

9.7K 538 38
                                    

ဂုဏ်ဓနစည်းစိမ်မှာ
ဘာပြန်ပြောရမှန်းမသိတဲ့အထိ ဖြစ်သွားသည်။
ဆင်းရဲတဲ့ဘဝတွေက အဲ့လောက်တောင်
အခြေအနေဆိုးကြတယ်တဲ့လား
ကိုယ်တိုင်မခံစားဖူးလို့
အဲ့လိုဘဝတွေကို နားမလည်ပေးချင်ဘူး


သို့သော်...
ဂုဏ်ဓနစည်းစိမ် ကြားလိုက်ရတဲ့စကားတွေကြောင့်
နောင်တရသလို  စိတ်လည်းပျက်မ်ိသည်။



နောင်တရတာက အရက်ကိုမူးရူးအောင်
စိတ်လွှတ်ကိုယ်လွှတ် သောက်လိုက်မိပြီး
ဒီ ဟိုမရောက်ဒီမရောက်ကောင်နဲ့ လာပတ်သက်နေရလို့
ပြီးတော့...
သူ့သွေးပါတဲ့ကလေးကလည်း
အဲ့လို ဆင်းရဲနုံချာပြီး စုတ်ပြတ်နေတဲ့
ပတ်ဝန်းကျင်မှာ နေရမဲ့အဖြစ်ကို တွေးကြည့်လိုက်တော့
ပိုစိတ်ပျက်သွားသည်။



ဂုဏ်ဓနစည်းစိမ် မိမိအနေနဲ့
ကလေးတစ်ယောက်စာ မကလို့
အယောက်တစ်ရာစာပဲ ဖြစ်နေဖြစ်နေ
အေးအေးဆေးဆေးတာဝန်ယူနိုင်ပါသည်။



ဒါပေမဲ့ သူ့အသိုင်းအဝိုင်းမှာ
အိမ်ကအလုပ်သမားနဲ့ညားတယ်ဆိုတဲ့
အဖြစ်မျိုးတော့ မလိုချင်ပါ။
နောက်ပြီး မိန်းမ မဟုတ်ဘဲ
ယောက်ျားတစ်ယောက်တဲ့လား
ပိုတောင်ဝေးသေး ...



တစ်ညတာပဲ မှားပြီး
တစ်ခါတည်းနဲ့ ကလေးရအောင်
မျိုးအောင်နိုင်တဲ့ ကိုယ့်ပေါင်ကြားက အကောင် ကိုလဲ
စောက်မြင်ကပ်မိသည်။
ကျန်းမာသန်စွမ်းတာ အပြစ်မဆိုပေမဲ့
တစ်ခါတည်းနဲ့ကလေးတန်းရတာကတော့ မဟုတ်သေးဘူး
စောက်ပြသနာသယ်တဲ့အကောင်




နောက်ပြီး ငွေလွာ...
အရင်က သူပြောရင် ပြောတဲ့အတိုင်း
ငြိမ်ခံနေတဲ့ကောင်လေးက မိမိကို ပြန်စွာနေလိုက်ပုံများ
အမ်! ဒါစွာတာမဟုတ်ဘူး
နေစမ်းပါဦး စာမတတ်တဲ့ကောင်က ငါ့ကိုပြန်သင်သွားတယ်?



ဟမ့်!အရင်က ကုတ်ချောင်းချောင်းစတိုင်ဖမ်းပြီး
အနေအေးချင်ယောင် ဆောင်နေတာပေါ့
တွေ့ကြသေးတာပေါ့ ငွေလွာ မင်းနောက်နေ့
ငါ့ကိုပြန်အာခံနိုင်သေးမလားဆိုတာ





....................................



ငွေလွာ အခန်းအပြင်ရောက်သည်နှင့်
ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ တောင့်တင်းသွားသည်။



for the rest of my lifeWhere stories live. Discover now