9

11.1K 673 43
                                    

ဦးဓနမျိုးထင်တို့နှင့်အတူ သူတို့ရဲ့အကြီးဆုံးသား
မဟာမျိုးထင် ကပါ မြန်မာနိုင်ငံကို လိုက်လာလေသည်။

"လာ....သား မာမီ သားအခန်းကို အရင်ကအတိုင်း
ထားထားပေးတယ် နားလိုက်ဦး ပင်ပန်းနေရောပေါ့
ညကျမှဘဲ ညစာဆင်းစားကြတာပေါ့

"ဟုတ်ကဲ့ မာမီ"

မဟာ ရေချိုးသန့်စင်ပြီး ပြတင်းပေါက်အား ဖွင့်ကာ
ညနေစောင်းနေဝင်ဆည်းဆာကို လှမ်းကြည့်နေမိသည်။

ခြံထဲ ကြည့်မိတော့ နှင်းဆီပန်းကြိုက်တဲ့မာမီက
ခြံအပြည့် ဘယ်နေရာကြည့်ကြည့်
နှင်းဆီရောင်စုံဖူးပွင့်ဝေဆာအောင်
အမြဲထားထားသည်။

ခြံထဲ လှုပ်လှုပ် လှုပ်လှုပ်နှင့်
ကတ်ကြေးတစ်ချောင်းကိုင်ကာ
နှင်းဆီအဖြူတွေကို ခူးနေတဲ့ လုံးလုံးလေး

မဟာ သိလိုက်ပြီ ဒါမာမီပြောပြထားတဲ့
သူ့ညီဂုဏ်ဓနနဲ့ ငြိတဲ့တစ်ယောက် ...

မဟာ ခြံထဲဆင်းလိုက်ပြီး
ကုန်းကုန်းကွကွနဲ့နှင်းဆီဖြူတွေ ခူးနေတဲ့
လူတစ်ယောက်ရဲ့ မျက်နှာကို ခပ်လှမ်းလှမ်းကနေ
အကဲခတ်ကြည့်မိသည်။

ဖြတ်ခနဲ မြင်လိုက်ရတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာပင်
လူကို အကြည့်မလွဲစေအောင် ဖမ်းစားနိုင်တဲ့အလှမျိုး

ဒါ့ကြောင့် ငါ့ညီ အလှနွံထဲကျွံသွားတာကိုး...

"အဟမ်းး ဒီမှာခင်ဗျ နှင်းဆီဖြူတွေ ဘာလို့ခူးနေတာလဲ"

"ဟင်! ဟို... ညစာ ထမင်းစားပွဲပေါ် အလှတင်မလို့"

အလွာ နေ့လည်က မောင့်အကိုကြီးပြန်လာမှာမို့လို့
သူနေခဲ့ဖူးတဲ့အခန်းထဲ ကြီးမုံ မိပုတို့နှင့်အတူ အခန်းထဲ သေသေချာချာ ဝင်ရှင်းပေးရင်း စာကြည့်စားပွဲပေါ်မှာ
မှန်ဘောင်နဲ့ တင်ထားတဲ့ ဓာတ်ပုံကိုတွေ့ခဲ့တာကြောင့်
အခု သူ့ကို လာစကားပြောနေတာ
မည်သူဘယ်ဝါ မှန်း သိနှင့်ပြီးသား

မောင့်အကိုကြီး ဆိုတဲ့သူက
မောင်နဲ့ ရုပ်ချင်း အနည်းငယ်သာဆင်သည်။

"ကျွန်တော်က မေးကြည့်တာပါ လုပ်စရာရှိတာ
ဆက်လုပ်ချည်"

for the rest of my lifeWhere stories live. Discover now