3

9.7K 574 31
                                    

ငွေလွာ မောင့်အခန်းမှ
လှေကားအဆင်းသို့ရောက်သည့်အထိ
လှေကားလက်ရန်းကိုအမှီပြုပြီး
စိတ်တင်းကာ ဆင်းနေရသည်။
ဒီနေ့မှ ဒီကြောင်လိမ်လှေကားကြီးကလဲ
လှေကားထစ်တွေပိုများနေသလားပဲ။

အောက်ရောက်သည်နှင့်တစ်ပြိုင်နက်
မိမိ့အခန်းဆီမပြေးရုံတမယ် အမြန်လျှောက်သည်။
အခန်းထဲရောက်မှ တင်းထားသည့်စိတ်တွေကို
လွှတ်ချကာ ခြေပစ်လက်ပစ်ပစ်လှဲလိုက်သည်။
အပယ်ခံဘဝနဲ့နေခဲ့ရတာမို့
နည်းနည်းလောက်ပဲဖြစ်ဖြစ် အချစ်ခံချင်ပါသည်။

ခေါင်းမူးနေသော်လည်း ကြာကြာအနားမယူရဲ
ရေချိုးခန်းထဲ စိမ်ထားမိတဲ့သူ့အဝတ်ပုံဆီ
ပြေးကာ လျှော်ရသေးသည်။
အရင်နေ့တွေက နေမကောင်းတာကြောင့် မလျှော်မိ။
အခုမှအတိုးချကာ လျှော်ရတော့သည်။

...........................


ငွေလွာ နာရီကို ကြည့်မိတော့
၆နာရီသာ ရှိသေးသည်။
ဒါဆို မောင်က ၅နာရီကျော်ကြီး ထလာပြီး
အလွာ့ကို ခေါ်ပြောတာလား...

ဘဘကြီးတို့က ၈ နာရီ လောက်မှ မနက်စာစားသည်မို့
လောလောဆယ် ကြီးမုံကို နေသိပ်မကောင်းလို့
ခဏအိပ်ချင်သည်ဟု သွားခွင့်တောင်းလိုက်သည်။

ငွေလွာ ကြမ်းပြင်ပေါ်က ဖော့ဖျာနဲ့ခင်းထားတဲ့
အိပ်ယာပေါ် ဖြေးဖြေးချင်းလှဲချလိုက်သည်။
ရွာမှာ ဖျာကြမ်းနဲ့အိပ်ခဲ့တဲ့သူမို့
ဒီဖော့ဖျာက ငွေလွာ့အတွက်တော့ အရမ်းတန်ဖိုးရှိသည်။
မှတ်မိပါသေးသည်၊ဒီအိမ်ကြီးဆီ စရောက်ရောက်ချင်းညက
ဖော့ဖျာလေးက အိနေလို့ အိပ်လို့မဝ ဖြစ်ခဲ့ဖူးသည်။

ငွေလွာ ခေါင်းအေးအေးထားပြီး စဥ်းစားနေသည်။

အလွာ ဒီအိမ်ကြီးကနေ မထွက်သွားချင်ပါဘူး။
အိမ်ဖော်လစာ တစ်လ၅သိန်းပေးတဲ့အိမ်မျိုးမှာမှ
မလုပ်ချင်ရင် အလွာငတ်ဖို့ပဲရှိတော့မည်လေ။
တစ်လ၅သိန်းရသည့်အပြင်
နေစရိပ် စားစရိပ်လည်း အကုန်ငြိမ်း ၊
သူဌေးအိမ်မို့လို့ အစားအသောက်လည်းမဆင်းရဲသလို
နေစရာ တစ်ယောက်အခန်းလေးလည်းရသည်။
တစ်ခါတစ်လေမုန့်ဖိုးလည်း ရသေးသည်။

for the rest of my lifeDove le storie prendono vita. Scoprilo ora