22 (Unicode & Zawgyi)

13K 366 104
                                    

ဆေးရုံဆင်းပြီး နောက်တစ်ရက်မှာပင်
ငွေလွာ့လည်ပင်း၏အနာအရှိန်ကြောင့်
ကိုယ်အပူချိန်ကြီးလာကာစဖျားတော့သည်။
သုံးရက်မြောက်နေ့ရောက်သည့်တိုင်
အဖျားကမပျောက်သေး။

မွေ့ယာထက်စောင်ထူထူကြီးအောက်မှာဖျားလိုက်အိပ်လိုက်
နှင့်နေနေရတာ သုံးရက်တောင်ရှိရော့မည်။ ဆက်အိပ်ချင်နေသည့်စိတ်တွေကိုတွန်းလှန်ကာ မျက်လုံးကိုမရမကဖွင့်လိုက်သည်။

မြင်ကွင်းထဲ မျက်နှာချင်းဆိုင်ခုံပေါ်က အငွေ့တထောင်းထောင်းနှင့်စွပ်ပြုတ်တစ်ခွက်က
ပထမ ဦးစွာအကြိုပြုနေ၏။

ပင်ကိုကအစားအသောက်ဂျီးမများတဲ့သူဖြစ်သော်လည်း
နေမကောင်းချိန်အတောအတွင်းသောက်နေရသည့်ကြက်သားစွပ်ပြုတ်ကြီးကိုတော့အလွာ အမြင်ကတ်လာသည်။

ယခုတွင် လောလောလတ်လတ်မှ
ပြုတ်ထားပုံပေါ်သည့် ကြက်ပေါင်းစွပ်ပြုတ်ပန်းကန်က
ကုတင်ဘေးက ကျွန်းစားပွဲခုံထံမှာ အခန့်သား
နေရာယူထားပြီး ထိုရှေ့၌ မောင့်ကျောပြင်ကျယ်ကြီးကို
မြင်နေရသည်။

စွပ်ပြုတ်ပန်းကန်အားကြည့်ရင်း မဆိုသလောက်လေး
နှာခေါင်းရှုံ့လိုက်မိလေသည်။
ဤသည်ကိုကုတင်နဲ့ခပ်လှမ်းလှမ်းအကွာ စာကြည့်စားပွဲ၌ သူ့ဘက်ကို ကျောခ်ိုင်းထိုင်ကာ မျက်မှန်တစ်လက်နဲ့  ခေါင်းစိုက်ပြီးသည်းကြီးမဲကြီးစရင်းစစ်နေရတဲ့သူကတော့
သိမည်မထင်၊

ဒါကြီးပဲလာလာကျွေးနေတာ လေးရက်တောင်ရှိနေပြီ

ဟွန်းးးးးး**

ဂုဏ်ဓန၏နားထဲသက်ပြင်းချသံခပ်ပြင်းပြင်း
ကြားလိုက်ရတာကြောင့် လုပ်လက်စအလုပ်ကိုရပ်ပြီး
ကုတင်ဆီသို့လှည့်ကြည့်မိလိုက်သည်။

ခေါင်းအုံးနှင့်စောင်တွေကြားကိုယ်လုံးသေးသေးလေးက တစ်ဝက်တပျက်နစ်ဝင်နေပြီး
အိမ်နေရင်းပေါ့ပေါ့ပါးပါး သနပ်ခါးရောင်ချည်သားလက်ရှည်ဝမ်းဆက်တို့ကလည်းအနည်းငယ်တွန့်ကြေနေကာ ကပိုကယိုဖြစ်လျှက် ညှပ်ရိုးချောင်းလေးတွေပါ လစ်လပ်နေသည်။

"နိုးပြီလားမောင့်ကလေးလေး ကဲ ဒါဆို စားကြရအောင် နေ့လယ်ကျော်နေပြီ မောင်ကမနှိူးချင်လို့ စောင့်နေတာ"

You've reached the end of published parts.

⏰ Last updated: Nov 03, 2023 ⏰

Add this story to your Library to get notified about new parts!

for the rest of my lifeWhere stories live. Discover now