19 (Unicode & Zawgyi)

7.2K 357 89
                                    

ဝန်ရံတာမှာ ဆေးလိပ်ထွက်သောက်သည့်မြင်ကွင်းက ငွေလွာ့အတွက် ရှားပါးဖြစ်စဥ်ပင်။

ဂုဏ်ဓနစည်းစိမ် ရှုပ်ထွေးလာတဲ့စိတ်အစဥ်ကို
အခိုးအငွေ့တွေရှူရှိုက်မှုတ်ထုတ်ရင်း စိတ်ဖြေနေရသည်။
မြန်းရဲ့လက်တွဲဖော်ကို သိပ်သိချင်မိသည်။
5နှစ်တိတိတွဲလာခဲ့တဲ့ ကျွန်တော့်လက်ကိုလွှတ်ချပြီး
နောက်တစ်ယောက်လက်ကိုချိတ်ရတဲ့အထိ အဲ့လူကဘာတွေများသာလွန်းနေလို့လဲ။ဘယ်လိုလူမျိုးမို့လို့ ဒီကောင့်လက်ကိုဖြုတ်ချသွားရတဲ့အထိ ဘယ်လိုတဖက်စောင်းခပ်__

"မောင်"

"ဘာတွေစိတ်ညစ်စရာရှိနေလို့လဲ"

"မရှိပါဘူး ဟိုဟိုဒီဒီစဥ်းစားရမယ့်အလုပ်ကိစ္စတွေများနေလို့ပါ"

လက်ကြားထဲညှပ်ထားတဲ့ဆေးလိပ်တိုကို အနက်ရောင်
ပြာခံခွက်ထဲဖိချေလိုက်ပြီး

"လာဦး မျက်နှာလေးဖျော့နေပါ့လား ဘာဖြစ်လို့လဲ
မောင့်ကိုပြော"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး ပုံမှန်ပါပဲ "

တံခါးအပေါက်ဝမှာရပ်နေတဲ့သူကိုဂုဏ်ဓန
လက်ဆန့်တန်းကာခေါ်လိုက်တော့ ခေါင်းလုံးလုံးလေးက ရင်ခွင်ထဲမှီလျှက်လက်သွယ်သွယ်တို့ကသူ့ခါးထက်၌
တင်းကြပ်ကြပ်ဖက်လာသည်။

သားမမွေးခင်တုန်းကလည်း ကလေးလွယ်ထားတဲ့ဒဏ်၊
မွေးပြီးတော့လည်း ကလေးထိန်းရတဲ့ဒဏ်ကြောင့်
သေးသေးသွယ်သွယ်ကိုယ်လုံးလေးက ဘယ်လောက်
စားစားတက်မလာခဲ့။

ဂုဏ်ဓနစည်းစိမ်တစ်ယောက် ခါးကိုင်းကာ တင်လုံးလုံးကိုထိန်းကိုင်လျှက် မ,ချီလိုက်တော့ အလိုက်သင့်လေးနေပြီးလည်ပင်းကိုသိုင်းယှက်ဖက်လာသည်။

"မောင် "

"ပြောလေ"

"အလွာ မောင့်ကိုအများကြီးချစ်တယ်"

ချစ်ကြောင်းပြောပြီး သူ့ဘာသာသူရှက်သွားကာ လည်ပင်းထဲမျက်နှာဖွက်လိုက်တဲ့သူက ခိုအာလာကတောင်အရှုံးပေးရလောက်မည်။

"အဟားးဟား ဘာများလဲလို့ မောင်ကလည်း ဒီကလေးလေးကိုအများကြီး အများကြီး အရမ်းချစ်တယ်"

for the rest of my lifeWhere stories live. Discover now