intro (Zawgyi)

3.2K 41 17
                                    

"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ
ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ"



"........."



"ဟမ်... ဖြေစမ်း ငွေလွာ "


"........."



"အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ
ဘာလဲ ကလေးဗန်းပြပြီး အပိုင်ချုပ်မယ်ပေါ့ ဟုတ်လား
ကလေးကိုအကြောင်းပြရအောင်လည်း
မင်းလိုမူမမှန်တဲ့သူက မွေးလာမယ့်ကလေးကကော အကောင်းတိုင်းဖြစ်ပါ့မလား တောက်..."



တောက်တစ်ချက်ခေါက်သံကြောင့် ယိုင်နဲ့နဲ့ကိုယ်လေး
တစ်ချက် တုန်လှုပ်ကာလန့်သွားရသည်။
ဒေါကြီးမောကြီးနဲ့ပြောဆိုကြိမ်းမောင်းနေတဲ့သူကို
ငွေလွာ ငွေ့ရည်ဖွဲ့သောမျက်ဝန်းတစ်စုံဖြင့်ကြည့်နေမိသည်။


သူပြောသွားသည့်အထဲမှာ ကလေး ၊
သူနဲ့အလွာရဲ့ဖြစ်တည်လာတဲ့ကလေးလေးအကြောင်း၊
ဒါပေမဲ့ သန္ဓတေည်သည်ဟုသိသိချင်း
ဖခင်၏ပြစ်တင်ပြောဆိုသံတွေကိုသာ
ကြားရတဲ့ ကလေးလေး ။

ကြိုဆိုဝမ်းမြောက်မည့်အသံတွေအစား
ပြစ်တင်ကဲ့ရဲ့သံတွေကိုသာခံနေရသည့် မိမိကလေးလေးအား
သနားလွန်းလို့ဖြူသွယ်သွယ်လက်တစ်စုံအားဝမ်းဗိုက်ပေါ်သို့ယှက်တင်မိသည်။ ထို့နောက် ပင့်သက်ရှိုက်သံဖြင့်...



"အလွာ မသိခဲ့ရတာပါ ဒီလိုမှားခဲ့ရင်
ကလေးရမယ်ဆိုတာလဲ အလွာမသိခဲ့ဘူး"

ခန္ဓာကိုယ်လေးတသိမ့်သိမ့်တုန်လို့
မျက်ရည်များနှင့်ပြန်ဖြေတော့...



"ဟ! ဒီအရွယ်ကိုဒါတွေမသိရအောင် ငတုံးလား
မင်းရဲ့ဦးနှောက်က ပျက်နေလို့လား ဟမ့်!"



ငွေလွာ့လည်ပင်းအက်ျီစကို
သန်မာကျစ်လစ်တဲ့လက်တစ်စုံဖြင့်ဆုပ်ကိုင်ကာ
ခနဲ့သလိုပြော၍ မယုံသင်ကာအကြည့်ဖြင့်
စိုက်ကြည့်နေသောကြောင့် ငွေလွာ
သိမ်ငယ်စွာဖြင့် စကားတစ်ခွန်းအား
လေသံဖျော့ဖျော့ဖြင့်သာဆိုလိုက်မိသည်။

"ငါမှ စာမတတ်တာ မောင်ရယ်...ယုံပါ~~~"






Zawgyiနဲ့တင်ကြည့်တာပါ ဝင်ဖတ်တဲ့သူများရှိရင်
ဖတ်လို့ရမမရ စာလုံးတွေအတည့်ဟုတ်မဟုတ်လေး
ဝင်ပြောပေးပါဦးနော်

Wed, Nov 23. 2022💜

for the rest of my lifeWhere stories live. Discover now