20 (Unicode & Zawgyi)

8.7K 521 95
                                    

ခေါင်းကိုက်တာမခံနိုင်လို့ အိမ်ပြန်လာခဲ့ရာမှ အိမ်ရှေ့၌မြင်လိုက်ရသည့်မြင်ကွင်းက ခံစားနေရတဲ့ရောဂါ နှစ်ဆတိုးသွားသလို

ဒီသူတောင်းစားက အလွာနဲ့ဘယ်လိုတွေ့လာတာလဲ
ဘယ်မှာဆုံဖူးလို့ ဒီလောက်ထိပြုံးရွှင်နေကြတာလဲ
ကျက်သရေယုတ်တဲ့ကောင်ရဲ့ဘောင်းဘီက အညိုရောင်၊
ငွေလွာ ကိုယ်ပေါ်က အက်ျီကလည်းအညိုရောင်ဆိုတော့

တောက်!!

ကားပေါ်ကအမြန်ဆင်းကာ ခြေလှမ်းကျဲများဖြင့်

"နွေထည်လွာ!!!"

ဒေါသတကြား မာန်အားထန်ကာ ထိုcoatအားချွတ်ချလိုက်တာကြောင့် လက်ထဲကပစ္စည်းတွေသည်လည်း အောက်သို့ဦးတည်ရာမဲ့ ပြန့်ကျဲလျှက်။

"လာခဲ့စမ်း"

ရုတ်တရက်အားနဲ့ဆွဲခံလိုက်ရတာကြောင့် လက်ထဲက
ပစ္စည်းအချို့အောက်သို့ကျသွားသလို ခန္ဓာကိုယ်ကလည်း
မလဲကျရုံတမယ် ဂုဏ်ဓနစည်းစိမ်ဘက်သို့ ယိမ်းထိုးသွားစဥ်၊ ဆန့်ကျင်ဘက်လားရာကိုတဖန် ပြန်ဆွဲခံထိလိုက်ရသည့်
ငွေလွာ့၏ နောက်လက်တစ်ဖက်။

"Hey! Hey Clam down bro လည်စိလေးအရမ်းနာနေပြီ"

ငွေလွာ့ လက်ကိုလာဆွဲလိုက်တဲ့ မာန်ထွဋ်ခေါင်ရှိန်ရဲ့
လုပ်ရပ်ကြောင့် ဂုဏ်ဓနစည်းစိမ်၏ဒေါသတွေသည်
တစ်ဟုန်ထိုး,ထိုးထွက်လာသည်။

"လက်ကိုလွှတ်လိုက်! မာန်ထွဋ်ခေါင်ရှိန် ငါ့ဒေါသတွေ
ဒီ့ထက်မဆိုးလာခင်"

အံကိုကြိတ်ကာ လည်ပင်းကြောများထောင်သည်အထိ
ဂုဏ်ဓနတစ်ယောက် ဒေါသတွေကိုမြိုသိပ်နေရသည်။

လက်မောင်းကိုအားနှင့်ဆုပ်ကိုင်ခံထားရတာကြောင့်
သွေးမလျှောက်သလိုဖြစ်ပြီးကျင်တောင်ကျင်နေပြီ။
ကြောက်တာရောနာတာရောပေါင်းပြီး မောင့်မျက်နှာကိုတောင်မကြည့်ရဲ။

"ကျွန်တော့်လက်ကို လွှတ်ပေး"

အလွာ ထိုလူလာကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်ကိုရုန်းရင်း ခန္ဓာကိုယ်ကို မောင်ရှိသည့်ဘက်ကို ယိမ်းလိုက်သည်။

အားမပါတဲ့ကိုယ့်လက်ကို ရုန်းဖြုတ်ရင်း ဟိုသကောင့်သားဘက်တိုးသွားတဲ့အသေးလေးကြောင့် ရှိန် လက်လျော့ပေးရတော့သည်။

for the rest of my lifeTempat cerita menjadi hidup. Temukan sekarang