6

10.2K 583 16
                                    

ညနေ ၆နာရီခွဲဝန်းကျင်က
ဂုဏ်ဓနစည်းစိမ် ညစာစားသည့်အချိန်ဖြစ်တာကြောင့်
ငွေလွာ ညစာပြင်ပေးရန် ထမင်းစားခန်းဆီသွားရတော့သည်။



"ဟဲ့ ငွေလွာ ဘာဖြစ်လာတာလဲ
မင်းလည်ပင်းမှာ နီရဲတွတ်နေတာ
သုံးလေးနေရာလောက်ရှိမယ် "


စိုးရိမ်တကြီးမေးလာတဲ့ကြီးမုံကြောင့်
ငွေလွာ ဘာပြန်ဖြေရမှန်းမသိဖြစ်သွားသည်။
ထမင်းစားခန်းထဲက ပန်းကန်တွေထည့်တဲ့
ကျွန်းမှန်ဗီဒိုကြီးဆီ အကြည့်ရောက်မှ

*ဟင်...စုပ်ထားတဲ့နေရာတွေမှာ အရာတွေကျန်နေတာလား?*
ရေချိုးပြီး အဝတ်အစားတွေပြန်လဲခဲ့ပေမယ့်
မှန်တော့ မကြည့်ခဲ့မိပါ။

"ဟို...ဟို... ခြင်တို့ ပိုးကောင်တို့ ကိုက်သွားတာထင်တယ်
ကြီးမုံ"

"အေးအေး၊ အဆိပ်ရှိတဲ့အကောင်ဆို မလွယ်ဘူး
သတိနဲ့နေဦး"

"ဟုတ်ကဲ့"

"ကဲ... ကဲ.... မြန်မြန်လေး ပြင်ကြရအောင်
တော်ကြာ အဆင်သင့်မဖြစ်ရင် မင်းသူဌေးကိုကိုလေးက
မင်းကို ဆူပူနေပါဦးမယ် "

"ဟုတ်တယ် ကြီးမုံ  အလွာလည်း အမြန်ပြင်နေတာ"

......................................


ည ၇ နာရီခွဲနေပြီဖြစ်သော်လည်း
ဂုဏ်ဓန ညစာ ဆင်းမစားရသေး၊
ညနေက အဖြစ်အပျက်တွေကို ပြန်ပြန်တွေးမိနေလို့
companyရဲ့စရင်းဇယားတွေထဲသာ
စိတ်နှစ်ပြီး လုပ်နေသည်။


..........................




"ငွေလွာ  ထမင်းသွားစားလိုက်တော့
ကိုယ်ဝန်ကြီးနဲ့ အစားကို အချိန်မှန်မှန်စားပေးမှ..."


"ရတယ်  ကြီးမုံ ထမင်းအရင်သွားစားလိုက်ပါ
ကိုကိုလေး အောက်ဆင်းလာလို့ အလွာ့ကိုမတွေ့ရင်
အလွာဆူခံထိနေဦးမယ်"


"ဒါဆို ဒီလိုလုပ် ငါ  ထမင်းပန်းကန်ထဲ
ဟင်းရော ထမင်းရော ပုံပြီးထည့်လာပေးမယ် "


ငွေလွာ့ပြန်ပြောချိန်တောင်မရလိုက်
ဒေါ်မြထွေးမုံကတော့အလုပ်သမားတွေရဲ့
ထမင်းစားဆောင်သို့သွားလေသည်။


for the rest of my lifeWhere stories live. Discover now