10

13.2K 568 53
                                    

အလွာတစ်ယောက် ပါးစပ်ကသာထုတ်မပြောတာ
လက်ထက်မယ်ဆိုပြီးအပြောခံရတော့
ရင်ထဲ အပျော်လုံးစို့သွားသေးသည်။

ဟက်!
ကိုယ့်အခန်းဆီပြန်လာကာ ကုတင်ပေါ်ထိုင်ရင်
ရွဲ့တဲ့တဲ့ အပြုံးလေးနဲ့အသံထွက်သည်အထိ ရီမိသည်။
မျက်ရည်တွေကလည်း မပါမဖြစ်
မျက်ဝန်းအိမ်ထက် ရစ်ဝိုင်းနေသည်။

* နည်းနည်းလေးဂရုစိုက်ခံလိုက်ရတာကို
တစ်ဘဝလုံးစာထင်ပြီးပျော်ငွေ့နေတာ
သနားဖို့ကောင်းလိုက်တာ ငွေလွာရယ်
မင်းက ကိုယ့်ဘဝကိုယ်ခဏခဏမေ့တဲ့ကောင်ပဲ*

လက်ထပ်ချင်တယ်ဆိုလို့
တယုတယထွေးပွေ့ခံရပြီထင်နေမိတာ
နောက်ဆုံးတော့လည်း အဝေးကိုမောင်းထုတ်ဖို့ချည်းသာ
ဦးတည်နေတဲ့စကားတွေ။

"ဒယ်ဒီ့မှာ နှလုံးရောဂါ အစပြုနေပြီ ကြိုသိရလိုက်တော့ ပြင်ဆင်ကုသဖို့အချိန်ရှိသွားတယ် ဒီလောလောဆယ် ဒယ်ဒီ စိတ်မချမ်းမသာမဖြစ်စေချင်ဘူး ငွေလွာ၊သူ့စိတ်တိုင်းကျ မင်းနဲ့လက်ထပ်လိုက်မယ်။ နောက်မှ ငါတို့ နှစ်နှစ်နေရင် ကွာရှင်းကြရအောင်လား..အဲ့အချိန်ကြရင် ဒယ်ဒီလည်း သက်သာနေလောက်ပြီ"
အာရုံစူးစိုက်ပြီးလေးလေးနက်နက်ပြော​နေတဲ့
မောင့်မျက်နှာကိုအလွာ့တွေတွေလေးငေးပြီး
စက္ကန့်ပိုင်းအကြာလောက်မှာ"ကိုကိုလေး သဘောပါပဲ"
လို့ဆိုတာ ထိုင်နေရာမှ ရှောင်ထွက်လာခဲ့လိုက်သည်။

ရင်တွေနာလိုက်တာ.
မောင်ပြောသွားခဲ့တဲ့စကားတွေထဲမှာ သူနဲ့ကလေးအတွက် တစ်နေရာစာမျှမရှိခဲ့။ သူ့မိသားစု အဆင်ပြေရေး၊
သူအဆင်ပြေရေးတွေသာ ကြီးစိုးနေတဲ့ အတ္တတွေ
တစ်သီတစ်သန်းနဲ့။

နင်းချင်သလိုချနင်း ၊ လုပ်ချင်သလိုလုပ်၊
အသုံးချပြီးလို့အချိန်တန်သွားရင်
အမှိုက်ပုံးထဲ ပစ်ထုတ်ခံရမယ့်  ဘဝပါလား

ပိုက်ဆံမျက်နှာတစ်ခုတည်းနဲ့ မေမေတို့ အတင်းနှင်လို့
ဘယ်သူမှန်းမသိ ပွဲစားလို့သုံးနှုန်းတဲ့ အန်တီကြီးနောက်ကို
တငိုငိုနဲ့လိုက်ခဲ့ပြီး မောင်တို့အိမ်ကိုရောက်ခဲ့ရသည်။

ကျောင်းမတက်ရတာလား ဟင့်အင်း! ရတယ်ကိစ္စမရှိဘူး။
စျေးပတ်ရောင်းရတာ ရသေးတယ် ကိစ္စမရှိသေးဘူး။
ဘဝမှာ ပိုင်တဲ့အရာဘာတစ်ခုမှမရှိလို့
တွယ်ရာ.. သံယောဇဥ်တစ်ခုလေးပဲရှိလို့
"ငါလည်းမိသာစုနဲ့နေရတာဆိုတဲ့ "
မဆိုသလောက် မာန်လေးတင်းပြီးနေချင်မိတာ။

for the rest of my lifeWhere stories live. Discover now