5

10.5K 555 14
                                    

Warning : + ပါတာကြောင့် အဆင်မပြေရင်
ဆက်မဖတ်ပါနဲ့နော်... သတိပေးလိုက်ပါသည်။



အခုဆို ငွေလွာ ကိုယ်ဝန်၄လရှိပြီ
အရင်က အလုပ်သမားတန်းလျားက
တစ်ယောက်အိပ် အိပ်ခန်းလေးထဲအိပ်ခဲ့ရပေမဲ့
ယခုတွင်တော့ ငွေလွာ လှေကားထောင့်က
အခန်းလေးမှာ နေသည်။

ဦးဓနမျိုးထင်က
ဂုဏ်ဓနစည်းစိမ်နဲ့ဘေးချင်းကပ်ရပ်အခန်းမှာ
နေခိုင်းသော်လည်း နောင်တစ်ချိန်မှာထွက်သွားရမယ့်
ဧည့်သည်မို့လို့ငွေလွာ အလိုက်တသိနဲ့
လှေကားထောင့်က အခန်းကျယ်ကလေးမှာသာ
နေမည်ဟု တောင်းဆိုခဲ့သည်။

ငွေလွာ ကိုယ်ဝန်ရှိလို့ အခွင့်ထူးခံယူပြီးမနေခဲ့ ၊
ရွာကိုလည်း ပိုက်ဆံ ပြန်ပို့ရသေးသည်မို့
ဘဘကြီးတို့ဆီက လစာ အလကားမယူချင်၊
အရင်ကလောက် မလှုပ်ရှားနိုင်ပေမဲ့
ငွေလွာ ရေသာခိုပြီး မနေခဲ့ပါ
လုပ်နိုင်သလောက် လုပ်ပေးသည်။

ဂုဏ်ဓနစည်းစိမ်ကတော့ ဒီ၂လအတွင်းမှာ
ဒယ်ဒီ့ ခြိမ်းခြောက်မှုနဲ့
company ကအလုပ်မှာသာ ခေါင်းနစ်နေရသည်။

သူတို့နှစ်ယောက်အတွက်ကတော့
အရင် အိမ်ရှင်နဲ့ အလုပ်သမား ပုံစံမျိုးဖြင့်သာ
ဆက်ဆံပြောဆိုကြသည်။

ဒါပေမဲ့ ဒီကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း
ဂုဏ်ဓန၏ ဝေယျာဝစ္စ မှန်သမျှကို
ငွေလွာကသာ လုပ်ပေးနေရသည်။
အကြောင်းအရင်းကတော့
သူ အရင်ကလို လွတ်လွတ်လပ်လပ်
clubတက် barသွား နေချင်သလို မနေရဘဲ
companyကိုလည်း ဦးစီးနေရလို့
ငွေလွာကိုလဲ အချောင်နေ အချောင်စား
နေလို့မရအောင် ခိုင်းနေရခြင်း

ဦးဓနမျိုးထင်နဲ့ဒေါ်လှမျိုးယဥ်သွယ်တို့က
စီးပွားရေးကိစ္စနဲ့ နိုင်ငံခြားသို့ ရောက်နေလေ၏
ဦးဓနမျိုးထင်ကတော့ သူ့သားအား
မသွားခင် မှာစရာရှိတာမှာပြီး
ငွေလွာ့ကိုဂရုစိုက်ဖို့အတန်တန်မှာသွားခဲ့လေသည်။



................................



ငွေလွာ နှိုးစက်မြည်သံကြောင့် နိုးလာသည်။
အရင်က အအိပ်မမက်ပေမဲ့ ကိုယ်ဝန်ကြောင့်လားမသိ
အလွာ ဒီလတွေမှာ အရမ်းအိပ်ချင်သည်။

for the rest of my lifeWhere stories live. Discover now