18 (Unicode & Zawgyi)

8.3K 343 75
                                    

"အာ့ ကျွတ်ကျွတ်"

ခါးပေါ်က မောင့်လက်ကိုအသာဖယ်ပြီး ခဏလောက်
ငြိမ်နေရသည်။မျက်နှာရှေ့၌ မြင်နေရတဲ့ ခပ်ချောချော
တောင့်တောင့်ဖြောင့်ဖြောင့်လူက သူ့အမျိုးသားတဲ့လား။
အိမ်ထောင်ရေးတစ်ခုမှာ လိင်ကိစ္စတွေက မပါမဖြစ်
ဆိုပေမယ့်လည်း နေ့တိုင်းလုပ်ခံထိနေရတာကြီးကတော့ မဟုတ်သေး။ရူးလောက်အောင်ခန့်ညားတဲ့သူ့အမျိုးသားက အိပ်ယာပေါ်မှာလဲ ကမ်းကုန်အောင်ကြမ်းတတ်သည်မို့
နောက်ကလေးထပ်မရလာသည်ကိုပဲ ကျေးဇူးတင်ရသည့်နှယ်။

"မောင်က အရမ်းချောနေလို့ တစိမ့်စိမ့် ကြည့်နေတာလား"


"ဟင် အိပ်နေတာမဟုတ်ဘူးလား"


"ရွှတ်....   ပြောစမ်း ဘာတွေတွေးနေပြန်ပြီလဲ"

ဂုဏ်ဓနသူ့ရှေ့က အုဖက်နေတဲ့လည်တိုင်လေးဆီ
မျက်နှာအပ်ပြီး တရှုံ့ရှုံ့နဲ့နမ်းတော့သည်။


"ဟီးဟီး ယားတယ် မောင်ရေ...ရပ်တော့နော်"


"မပြောရင် ရွှတ်..ရွှတ်..မရပ်ဘူး"


"ပြောမယ်လို့ ပြောမယ် အ့ အာမောင်ကလဲဗျာ ကိုက်ပြန်ပြီ
တော်ကြာ မိပုက စပ်စပ်စုစုသမားနဲ့မှ ဒဲ့တိုးမိဦးမယ်
အာ့ မကိုက်ပါနဲ့ဆို"


"ဘာဖြစ်လဲ မောင့်ယောက်ျားကိုမောင်ကိုက်တာ
ဘယ်သူ့မှဂရုမစိုက်ဘူး "


မောင့် ခေါင်းကို လက်နှစ်ဖက်နဲ့ ဆွဲကာတားနေသည့်ကြားမှ
လည်စိနေရာကို အားနဲ့ဆွဲစုပ်တာခံလိုက်ရသည်။


"အားး မောင်ဟာလေ ဖယ်တော့ မခေါ်တော့ဘူး အင့် "


ရုန်းထွက်မယ်ပြင်နေတဲ့ကိုယ်လေးကို ခါးကနေခပ်ကျစ်ကျစ်ဖက်လို့ ခြေနှစ်ချောင်းကို ပေါင်ကြားထဲထည့်ပြီးဆွဲချုပ်ကာ ဖိထားလိုက်သည်။

"ပြော မောင့်ကိုကြည့်ပြီး ဘာတွေးနေတာလဲ"

"ဟို... ဘာမှမဟုတ်ဘူး အလွာ့ယောက်ျားက
အရမ်းချောတော့ ကြည့်မဝဖြစ်နေတာပါ လွှတ်တော့
ထတော့မယ်လေ"

for the rest of my lifeМесто, где живут истории. Откройте их для себя