21 (Unicode & Zawgyi)

12.7K 482 120
                                    

ဒေါက် ဒေါက်...

"အင်း ဝင်ခဲ့"

ဝင်သာဝင်ရမှာ ငွေလွာ့ခင်ဗျာမှာ ခပ်လန့်လန့်နှင့်သာ။

"ကိုဆွေသဟာအတွက်  ဆန်ပြုတ်ပို့ခိုင်းလိုက်လို့
လာပို့တာပါ"

ငွေလွာ သူ့ရှေ့ကလူကို ကြောက်လွန်းလို့
ခြေဖျားလက်ဖျားတွေလည်းအေးစက်နေသည်။

မမြရီက မြို့မှာဆိုင်ဖွင့်ထားတာကြောင့် ရွာနဲ့မြို့ကို တစ်ရက်ခြားအသွားအပြန်လုပ်ပြီး ၊
မမြရီ၏ယောက်ကျားဖြစ်သူဆွေသဟာက
သူကြီးတစ်ယောက်၏သားမက်ပီပီ
လယ်ယာ၊ကိုင်းနှင့်ရပ်ရေးရွာရေးကိုသာ
အဓိကထားဆောင်ရွက်နေသည်။

မိန်းမ၏ယုယမှုကိုခံချင်သောယောက်ျားဖြစ်သူနှင့်
စီးပွားရေးကိုမောင်တစ်ထမ်းမယ်တစ်ရွက်လုပ်လိုသော
မိန်းမဖြစ်သူတို့  နှစ်ဦးကြားဆက်ဆံရေးသည်လည်း
ယူပြီးသုံးနှစ်ကျော်သည့်တိုင်အောင် ခပ်ခွာခွာနှင့်
သူစိမ်းဆန်နေသေး၏။
လူကြီးများက အတင်းပေးစားကြသဖြင့်သာ
ထိုသို့လားရာမတူညီသည့်လူနှစ်ဦး ပေါင်းဖက်စုံကြလေသည်။

ယခုတွင်လည်း လယ်ထဲဆင်း၍ ဆူးငုတ်နင်းမိကာ ခြေထောက်ပေါက်သွားသည့်ယောက်ျားဖြစ်သူအား
တစ်စက်ကလေးပင် အဖက်မလုပ် ၊
မြို့ကစားသောက်ဆိုင်တွင်သာအချိန်ကုန်၍
ငွေကိုသာကုန်းရုန်းရှာပြီး
အကူတစ်ယောက်ခေါ်ကာပစ်ထားလေသည်။

သူကြီး၏ လယ်ယာပိုင်ဆိုင်မှုနှင့် ဆွေသဟာ၏မိဘများ
ဘက်မှ ဆန်စက်၊ ဆီစက်၊ ခြွေလှေ့စက်ပိုင်ဆိုင်မှုများသည်
ပနံသင့်စွာလိုက်ဖက်ညီပြီးသားဖြစ်သည့်အပြင် 
တစ်ဦးတည်းသောသားနှင့်တစ်ဦးတည်းသောသမီး 
ဖြစ်နေကြတာကြောင့် သူတို့လင်မယားနှစ်ယောက်အတွက် ဆယ်သက်ထိုင်စားရင်တောင် မကုန်နိုင်ပေ။
ထို့ကြောင့်မြရီ၏ မြို့ပေါ်ကစီးပွားရေးဆိုသည့်
အကြောင်းပြချက်ကို ဆွေသဟာ သင်ကာမကင်း
ဖြစ်နေတာကြာချေပြီ။

"မြရီက မအားဘူးတဲ့လား သူ့ယောက်ျားတစ်ယောက်လုံး
နေမကောင်းဖြစ်နေတာကိုတောင်မှလေ"

"မ..မသိပါဘူး ပို့ခိုင်းလို့လာပို့ပေးရတာပါ"

"ဒါဆိုမင်းကိုယ်တိုင်ပြုတ်လာတာလား"

for the rest of my lifeWhere stories live. Discover now