2

9.5K 519 36
                                    

ကိတ်မုန့်ကိုပါးစပ်ထဲထည့်မယ်လုပ်တုန်း...

နောက်ကျောဘက်မှ ​
ကြားလိုက်ရတဲ့စကားတွေကြောင့်
ရင်ထဲဆို့နစ်သွားသည်။

အရင်တုန်းက အလုပ်သမားမှန်သမျှကို
လျစ်လျူရှုတတ်တဲ့မောင်က
ဒီကိတ်လေးစားတာတွေ့ပြီး
သူခိုးလို့စွပ်စွဲတယ်တဲ့လား

ကိတ်မုန့်ကိုပြန်ချကာ
ဝဲတက်လာသည့်မျက်ရည်စတွေကို
လက်နှင့်အမြန်သုတ်ပြီး မောင့်ဘက်လှည့်ကာ..

"ဟို... ဟို.. ခိုးစားတာမျိုးမလုပ်ဖူးပါဘူး
အလွာ... ကြီးကြီးကို ခွင့်တောင်းပြီးမှစားတာ
ပြီးတော့ ဒီ...ဒီမနက်မှ ကိတ်မုန့်စားချင်လာလို့ အဟင့်..."

ငွေလွာ ပြောရင်းနဲ့မငိုမိအောင်နေပေမဲ့
ထစ်ခနဲဆို မျက်ရည်ကျသည့်အကျင့်က ထိန်းမရ...

သူ ခိုးစားတာမဟုတ်ကြောင်း
ပြန်ရှင်းပြနေသည့် ဖြူဖက်ဖြူလျော်ဖြစ်နေတဲ့
ကောင်လေးကို ဂုဏ်ဓနစည်းစိမ်
ခေတ္တ မှင်သက်စွာဖြင့် ကြည့်နေမိသည်။
ရေချိုးထားလို့ထင် ရေစက်တစ်ပေါက်နှစ်ပေါက်က
ဆံပင်ကောက်ကောက်တို့မှတဆင့်
သွယ်လျနေသည့်မေးရိုးတလျောက် ကျဆင်းနေသည်။ဖြေရှင်းချက်ပေးနေသည့်
နှုတ်ခမ်းနှစ်လွာဆီကို အကြည့်ရောက်တော့
ဂုဏ်ဓနစည်းစိမ် မဆီမဆိုင် တံထွေးတွေ စွတ်မျိုချမိသည်။ ဝတ်ထားတဲ့အက်ျီကအပွ အဝါရောင် ၊
စပန့်ဘောင်းဘီကြတော့ အနီရောင်၊
ဘယ်လိုမှ မအပ်စပ်တဲ့အရောင်တွေနဲ့
ကလေးလိုလို ခွေးလိုလို ပုံစံ

ဒီကောင်လေး
မိန်းမကနေ ယောကျာ်းဖြစ်အောင်
လိင်ပြောင်းထားတာများလား
အဲ့လိုလုပ်ရ​အောင်လဲ ပိုက်ဆံမရှိလို့ ​
ငါ့အိမ်မှာအလုပ်လာလုပ်နေတာလေ
ဒါလဲမဖြစ်နိုင်လောက်ဘူး

ဟမ့်!  သူကိုက မ ဟော်မုန်းဓာတ်များပြီး
မိန်းမဆန်နေတာနေမှာ။
ယောကျာ်းတစ်ယောက်က ဒီလောက်နုဖက်နေဖို့ လိုလို့လား
လောကကြီးကလဲ
ငါ့ကျမှ ဟိုမရောက်ဒီမရောက်လူကို
လာထိုးထည့်ပေးရတယ်လို့

ဂုဏ်ဓနစည်းစိမ် သူ့အတွေးနဲ့သူ
မကျေမနပ်ဖြစ်နေချိန်...

မျက်ဝန်းညိုဝိုင်းဝိုင်းတစ်စုံက
မျက်ရည်တွေ လဲ့သီပြီး သူ့ကိုကြည့်နေတာမြင်တော့ ...
ဟိုနေ့ညက အဖြစ်အပျက်ကို သွားသတိရမိသည်။
သူ့အောက်မှာ ရှိသမျှအားလေးနှင့်ရုန်းကန်ပြီး
ငိုနေတဲ့ပုံစံတွေ

for the rest of my lifeWhere stories live. Discover now