Part 1

71.2K 2.2K 30
                                    

Uni

Rolls-Royce Boat Tail ကားလေးတစ်စီးသည်ကား ဟိုင်းဝေးလမ်းမပေါ်တွင် ပုံမှန်ထက် မြန်သောအရှိန်နှင့် ပြေးနှင်နေသည်။ Bluetooth နှင့်ချိတ်ဆက်ကာ ဖွင့်ထားသော Starship's Nothing's Gonna Stop Us Now သီချင်းလေးသည်ကား ဘေးနားတစ်ဝိုက်သို့ခပ်တိုးတိုးပျံနှံလျက်။ ကားမောင်းနေသည့် လူငယ်လေးသည်လည်း လက်တစ်ဖက်ကို စည်းချက်ညီညီတီးခေါက်ကာ ခပ်တိုးတိုးလိုက်ညီးလျက်ရှိသည်။ ရုတ်တရက်ဝင်လာသော Phone Call တစ်ခုကြောင့် သီချင်းသံရပ်သွားခဲ့သည် ။

" ပြော မင်းခိုက် "

"...................."

" ဟုတ်တယ် ငါကားလျှောက်မောင်းနေလို့ ဘာမ,ခဲ့ပေးရဦးမလဲ "

"...................."

" အိုကေ အဲ့တာဆို ပြန်ရောက်မှတွေ့မယ် "

ဖုန်းပြောပြီးနောက် သင်္ချေ ဘေးပတ်ဝန်းကျင်ကို ကြည့်မိသည်။ သီချင်းတညီးညီးနဲ့ထွက်လာသည်မို့ မြို့နဲ့ဝေးရာသို့ရောက်နေချေပြီဖြစ်သည့်အတွက် ပြန်လှည့်ဖို့စိတ်ကူးလိုက်သည်။ ထို့နောက် Bluetooth ပြန်ချိတ်ကာ Ed Sheeran's Perfect လေးဖွင့်၍ ကားပြန်လှည့်ကာ မြို့ဘက်သို့ပြန်လည်ဦးတည်လိုက်သည်။

မြို့တွင်းသို့စ၀င်သည်နှင့် ရောင်စုံမီးရောင်များနှင့် LED Board ပေါ်မှအလင်းရောင်များက သူ၏မျက်နှာပေါ်သို့ ကျရောက်လာတော့သည် .. London မြို့၏ညအလှကို ‌ငေးကြည့်မိနေရင်း နံဘေးနားမှဖြတ်သန်းသွားကြသည့် လူငယ်စုံတွဲများနှင့် Night Out ထွက်လာကြသည့် လူစုလေးများ ကိုယ်စီကိုယ်စီစုဝေးနေကြသည်ကို ကြည့်၍ လန်းဆန်းပေါ့ပါးမှုများပင် သူ၏ထံသို့ကူးစက်လာသလိုရှိသည် ..။သင်္ချေ အဲ့သည်အရွယ်တုန်းကတော့ အမြဲစာနဲ့အလုပ်၊အလုပ်နဲ့စာဟူ၍သာ အချိန်ပြည့် လုံးပန်းနေခဲ့သဖြင့် လွတ်လပ်ပေါ့ပါးခြင်းဆိုတာဂျိုနဲ့လားဟုပင်ပြန်မေးရမည် .. ထို့အတွက်အပြစ်တင်ရလျှင် လောဘကြီးလွန်းသည့်သူ့ကိုယ်သူသာတင်ရမည် သူကိုယ်တိုင်က အလုပ်နဲ့စာများထံတွင်သာမြှုပ်နှံထား၍ဖြစ်သဖြင့် ..။ ဒါကြောင့်လည်း နောင်တစ်ချိန်တွင် သူ၏ထံ၌ကလေးများရှိလာလျှင် ငယ်ရွယ်မှုကိုအကျိုးရှိရှိအသုံးချတတ်စေဖို့သွန်သင်ရမည် ..။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now