Part 18

11.5K 713 11
                                    

Uni

သျှင်းထက်နှင့်ကြည်နူး ခေါင်းချင်းဆိုင်၍စဉ်းစားရကျပ်နေကြသည်..။ ပြည့်ပြည့်နဲ့အဆက်အသွယ်မရသည်မှာတစ်ပတ်ရှိပြီမို့ အိမ်ကိုဆက်သွယ်ကြည့်ပေမဲ့လဲ အိမ်ကပါသူတို့စီရောက်နေတယ်ထင်ပြီး လွှတ်အထားပေးခြင်းတဲ့ ..။ သွေးရိုးသားရိုးမဟုတ်သည့်အတွက် ထိုကိစ္စကို ခေါင်းအေးအေးထားနေလို့မဖြစ်ပါ။ သူ့တို့၏ အဆက်အသွယ်များအားလုံးကိုဖြန့်ကျက်၍ ပြိုင်ဘက်ဂိုဏ်းများထိ သူလျှိုထည့်ပြီး စုံစမ်းခိုင်းထားရသည်။

" သျှင်းသျှင်း သူတစ်ခုခုတော့ ဖြစ်သွားတာမဟုတ်လောက်ပါဘူးနော် "

တုန်လှုပ်နေသည့်ဟန်ကိုထိန်းချုပ်၍ မျက်စိမျက်နှာပျက်စွာ မေးလာသည့်ကြည်နူး၏စကားကို သျှင်းထက်လည်းဘယ်လိုအဖြေပေးရမှန်းမသိတော့ .. တစ်ခုခုဖြစ်တယ်ဆိုရင်းလည်း သတင်းအစအနလေးဖြစ်ဖြစ်ကြားရမှာပေါ့ .. ခုဟာက လုံး၀စုံစမ်းမရသလိုရှိနေသည်အတွက် သျှင်းထက်လည်းအတော့်ကိုစိတ်ပူနေရသည် .. သို့ပေမဲ့ ကြည်နူးစိတ်သက်သာစေဖို့ ..

" ပေါက်ကရတွေမတွေးပါနဲ့ .. ပြည့်ပြည့်ကဘာဖြစ်ရမှာလဲ "

ဟု အတွေးအများစေရန်ရည်ရွယ်ချက်ဖြင့် ခပ်တင်းတင်းပြောလိုက်၍ Jay ထံမှဖုန်းလာသဖြင့် ပြောရန်အတွက်အပြင်ကိုကိုထွက်ခဲ့လိုက်သည် ..။

ကောင်တာတွင်ထိုင်၍ကျန်ခဲ့သောကြည်နူးမှာ‌ တောတောတောင်တောင်လိုက်တွေးရင်းဖြင့် ‌ခေါင်းရှုပ်လာသလိုပင်ဖြစ်လာ၏ .. ထပ်၍မစဉ်းစားတတ်တော့ ပြိုင်ဘက်ဂိုဏ်းတွေကဖမ်းထားတယ်ဆိုရင်လည်း တစ်နည်းနည်းနဲ့တော့ အဆက်အသွယ်လုပ်မှာကို .. လုံးဝအစအနပျောက်သလိုဖြစ်နေသည်။ သက်ပြင်းမျှင်းမျှင်းချလိုက်၍ ယခုတော့ သူမလုပ်နိုင်သည့် တစ်ခုတည်းသောအလုပ်ဖြစ်သည့် ပြည့်ပြည့် အန္တရာယ်ကင်းနေဖို့အတွက်ပဲ ဆုတောင်းပေးနေရသည်။

ထိုအချိန်၌ ဖုန်းပြော၍ပြန်လာသော သျှင်းထက်၏ မျက်နှာညှိုးငယ်‌နေသည်ကိုမြင်သည်နှင့် ကြည်နူးက ..

" နင်လဲ စိတ်အေးအေးထားဦး ဆေးရုံကဆင်းတာမကြာသေးဘူးမဟုတ်လား ကိုယ့်ကိုကိုယ်လဲဂရုစိုက် "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now