Part 22

11.3K 620 14
                                    

Uni

စိမ်းကြည်ပြာ ဝင့်ထည်တို့အိမ်၏ Rest room ထဲကိုရောက်နေသည်။ ၀င့်ထည်ကတစ်ခုခုစားရင်းစကားပြောမည်ဟုဆို၍ စားစရာသွားယူနေသဖြင့် ၀င့်ထည်ကိုစောင့်ရင်း ပတ်ဝန်းကျင်ပတ်လည်ကိုအကဲခတ်ကြည့်သည်။ Villa's Interior Design ကိုကြည့်ရုံဖြင့် တန်ဖိုးတော်တော်မြင့်မည်ကိုလည်းခန့်မှန်းမိသည်။ ‌အလှဆင်ထားသည့်ပန်းအိုးများနှင့်ပန်းချီကားများသည်ကား Dollar Million ချီကာ အဖိုးမြင့်သည့်ပစ္စည်းများဖြစ်ကြသဖြင့် ကြွယ်၀မှုသည်ကားမှန်းဆ၍ မရနိုင်။

" ဒီမှာ သစ်သီးလေးတွေစားပါဦး "

၀င့်ထည်ကကုဋေတစ်သန်းခြေလှမ်းများဖြင့် လျှောက်လှမ်းကာပြန်၀င်လာ၍ ကြည့်ပြာ၏အနား၌ ဣန္ဒြေရရ၀င်ထိုင်သည်။ သူမက စိတ်ထားသည့် ပန်းသစ်တော်သီးတစ်စိတ်ကိုယူစားလိုက်ပြီး  ..

" ခြည့်သားလေးက ကိုယ့်တူလေးနဲ့အရမ်းတွဲတာပဲနော် "

" ဟုတ်လား!.. စိမ်းတူလေးကဘယ်သူလဲ "

Juice ကို ခွက်ထဲသို့ငှဲ့ပေးရင်းဖြင့် စိတ်၀င်တစားကြည့်၍မေးလာသည်ကြောင့် ကြည်ပြာ၏ခွင်ထဲသို့ရောက်လာပြီဖြစ်ကြောင်းသိလိုက်၏။ သူမ၏မျက်နှာကို ညှိုးငယ်သည့်ပုံစံဖြင့်အောင် ထားလိုက်ရင်း ..

" ဇီရာသျှင်းထက်လေ Dating ထွက်သွားတဲ့တစ်ယောက်ပေါ့ .. အဲ့ကလေးကအရမ်းဆိုးတာ လူကြီးကိုလဲလူကြီးမှန်းမသိဘူး .. ကိုယ့်တူသာဆိုတယ်၊ ကိုယ့်ကိုဆို တစ်စက်မှမရိုသေဘူး "

" ဟုတ်လို့လား .. ကိုပြောတာတော့ ရည်ရည်မွန်မွန်လေးပါ "

မယုံကြည်သလိုပြန်၍မေးလာသည်ကြောင့် ကြည်ပြာ စားလက်စအသီးစိတ်ကိုချကာ ..

" အတွင်းလူကပိုသိတာပေါ့ကွာ .. ခုလဲကောင်မလေးတစ်ယောက်နဲ့သတင်းထွက်တာ ဘာမှမဖြေရှင်းပဲထားထားပြီး ခြည့်သားလေးနဲ့ခြေရှုပ်နေတယ် "

" ဟုတ်လို့လား .. စိမ်းရယ် "

" ဟုတ်တာပေါ့ .. ခုလဲအိမ်မှာပြန်မနေဘူး လွတ်လွတ်လပ်လပ်ရှုပ်ချင်လို့ အပြင်မှာထွက်နေနေတယ် .. ခြည့်သားအပြင် ဘယ်သူတွေနဲ့လဲပတ်သတ်နေလဲမသိပါဘူး  "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now