Part 32

10.1K 519 20
                                    

Uni

* ဒီအပိုင်းက မင်းခိုက်စိုးစံနဲ့ ပြည့်သဒ္ဒါနောင်တို့အခန်းအဓိကပါ *

ရင်ခုန်ရဆုံးသော နေ့တစ်နေ့ကိုရောက်ရှိလာပြီ။ ဒီနေ့ပြီးရင် သူကိုကို့ကို တရားဝင်ပိုင်ဆိုင်နိုင်ပြီ။ ဘုန်းကြီးဆွမ်းကပ်ခါနီး အဝတ်အစားလဲလို့မပြီးသေးသော ကိုကို့အခန်းတံခါးကို အရင်ခေါက်ကြည့်လိုက်သည်။ ပုဆိုးစကိုမ,ကာ တံခါးလာဖွင့်ပေးသည့် ကိုကိုရယ်ပါ။

" လုပ်ပါဦး ပေါင်ပေါင်ရယ် ကိုကိုပုဆိုးမဝတ်တတ်ဘူး"

ဆူပုတ်ပုတ်မျက်နှာဖြင့် မျက်မှောင်ကြုတ်ကာ ပုဆိုးကိုမကြည်ကြည့် ကြည့်သည်။ ၀တ်ဆင်ထားသည့် အပြာနုရောင်လည်ဂတုံးအင်္ကျီ နဲ့ ကိုကို့၏နို့နှစ်ရောင်အသားအရည်နှင့်အလွန့်ကိုလိုက်ဖက်နေ၏။ လည်ပင်းရှိ Blue Diamond လေးက မီးရောင်အောက်တွင်တစ်လက်လက်။ ပုဆိုးကို သပ်ရပ်သွားအောင်လုပ်ပြီးသည်နောက် တင်းတင်းကျပ်ကျပ်လေးဝတ်ပေးလိုက်၏။ မကြာပါ ဝတ်ပြီး နို့ရည်လူးနေတုန်း ပြန်ကျွတ်ကျ၏။ ကိုကိုကလည်းစိတ်ရှည်မှုမရှိတော့သလိုဖြစ်နေသဖြင့် သူလည်းမရသည့်အဆုံး  ခါးပတ်ဖြင့်ပတ်ထားပေးလိုက်သည်။

ဘုန်းကြီးကြွလာသည်နောက် ရှေ့ကကော့ပတ်ကော့ပတ်ဖြင့်ထွက်သွားသော ကို့ကို့၏ လည်ပင်း၌သာ မာဖလာပတ်ပေးလိုက်ပါက တောသူကြီးသားနှင့်တူနေမှာ။ မင်းခိုက်အပြေးလိုက်သွားလိုက်၍ ကိုကို့၏လက်ဖဝါးလေးကိုဆုပ်ကိုင်ကာ ဆွမ်းကပ်သည့်နေရာသို့ထွက်ခဲ့လိုက်သည်။ အရုဏ်ဆွမ်းကပ်ပြီးသည်နောက် ငါးပါးသီလခံယူ၍ မင်္ဂလာတရားတော် ကိုနာကြားလိိုက်ကြသည်။ ရေစက်ချသည့်အချိန်၌ ရေခံသည့်ခွက်ကိုလည်း နှစ်ယောက်အတူတူကိုင်၍အတူတူကိုင်ကာ ရေစက်ခွက်ကိုလည်း တူတူကိုင်ထားသည်မို့ ကိုကို့ကိုယ်လုံးသေးသေးလေးကို သိုင်းဖက်ထားသလိုဖြစ်နေ၏။

ရေစက်တစ်စက်တိုင်းသာ တစ်ဘဝဆိုရင်သူကတော့ သမုဒ္ဒရာရေအားလုံးဝင်ဆံ့သည့်ခွက်ကြီးနှင့် ရေစက်ချမိမှာပင်...။

ဆွမ်းကပ်ပြီးတော့ ဧည့်ခံပွဲအတွက်ပြင်ဆင်ရသည်။ ကျင်းပရာ Hotel သို့ရောက်ရှိသည်နောက် Stylish နန်းထိုက်စိုးစံကအသင့်စောင့်နေ၏။ နှစ်ဦးစလုံး အသင့်ပြင်ထားပေးသည့် အင်္ကျီကိုဝတ်ဆင်လိုက်သည်။ ပြီးနောက် နန်းထိုက်စိုးစံ၏ဆော်ဪမှုအောက်တွင် Makeup ပါးပါးလေးလူးရပြန်သည်။ ထိုင်နေရင်း ကိုကိုက အငြိမ်မနေ ဟိုဟိုဒီဒီလိုက်ကြည့်နေ၏။ Hair Style ကိုပြင်ပေးတော့မှ ငြိမ်ငြိမ်လေးပြန်ထိုင်နေကာ စိတ်၀င်တစားအသေအချာလိုက်ကြည့်နေ၏။ ကိုကို့၏ဆံပင်ပုံစံကို သူနဲ့မတူ ခပ်အုပ်အုပ်လေးပုံသွင်းထားပေးသည်ကြောင့် Mochi လုံးလေးနှင့်တူနေသည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now