Part 46

9.7K 469 9
                                    

Uni

" ဒယ်ဒီအလုပ်လုပ်ဦးမယ် ‌အိမ်ပြင်ထွက်မဆော့ရဘူးနော် အပူရှပ်ရင် မင်းတို့အဖေကို အပ်တုံးတုံးနဲ့ ဆေးထိုးခိုင်းမှာ  "

" ဟုတ် ဒယ် " " ဟုတ်ကဲ့ "

မျက်နှာလွှဲကာ Computer ကိုအာရုံစိုက်လိုက်၏။ Mails များနှင့် ရှယ်ယာဈေးများကိုစစ်ပြီးတော့ ငြိမ်ချက်သားကောင်းနေသည့်သားနှစ်ယောက်ကိုကြည့်လိုက်သည်။ တစ်ယောက်တစ်မျိုးစီနှင့်အတူတူမကစားကြပဲ ခွဲဆော့နေကြ၏။

အမွှာသာဆိုတယ် အကြိုက်ချင်းကမတူ။ ပြီးတော့ သားကြီးကအနိုင်ယူလွန်းအားကြီးကာ သားငယ်ကလဲအလျော့ပေးလွန်း၏။ သူ့အကိုလုပ်သမျှလိုက်လုပ်တတ်သလို သူ့အကိုသဘောကျအောင်လည်းနေတတ်၏။ အငယ်ဖြစ်ပေမဲ့ သူ့အကိုကိုသူကကာကွယ်ပေး၏။ သူ့တို့ဆူလျှင်တောင် အစား၀င်ခံပေးတတ်၏။

ထို့နောက်အိမ်ပေါက်၀မှငြင်းခုန်သံများကြားလိုက်ရ၏။ ထို့ကြောင့် ဆိုဖာကိုကျောမှီကာ ခြေချိတ်ထိုင်လိုက်၏။ မကြာပါသူ့ရှေ့သို့ရောက်လာသည့်လူနှစ်ယောက်။ ခုထိငြင်းခုန်လို့မပြီးနိုင်သေး ။

" ခုထိငြင်းလို့မပြီးကြသေးရင် မင်းတို့ကိုပေးစားလိုက်မှာနော် "

" ယူစရာလား!! မိန်းမလိုမိန်းမရအငြင်းထူတဲ့ကောင်ကို "

မြတ်သူထံမှတားဆီးသံကတစ်အိမ်လုံးဟိန်းထွက်လာ၏။ သူ့သားနှစ်ယောက်ကတောင် နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ထားကြ၏။

" မင်းကရော အငြင်းမထူလို့လား "

" မင်းကပိုဆိုးတယ်လေ "

" မင်းကပိုတာ "

" မင်းလေ "

" မင်း "

" တိတ်ကြစမ်း!! "

သျှင်းထက်၀င်တားမှအဆုံးသတ်ကြတော့၏။ ဒါတောင် တစ်ယောက်ကိုတစ်‌ယောက်စွေကြည့်နေကြသေး။ ကြီးကောင်ကြီးမားအရွယ်ကြီးတွေနှင့် ပြိုင်ငြင်းနေကြတာ အံဩပါ၏။

" ရူး!! ဒယ် စိတ်တို "

" ဦးဥိီးမြတ်စီ လာပါဦး ဒီပါလေး "

သားကြီးက မြတ်သူတို့အနားသွားကာ သားငယ်က သျှင်းထက်အပေါ်တက်ထိုင်လာ၏။ သားကြီးကအသွက်ဖြစ်သဖြင့် လူချစ်လူခင်များသည်။ သားငယ်ကတော့ ခေါ်လို့စိတ်ပါရင်လိုက်တယ်၊စိတ်မပါရင်ဘယ်လိုဆွယ်ဆွယ်မရတတ်။ မျက်နှာတည်သဖြင့် ရှိန်ကြတာများသည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now