Part 43

10.4K 534 24
                                    

Uni

" မောင် "

" မောင့် "

အိမ်မက်လိုလိုနှင့်ဝိုးတဝါးခေါ်သံကြောင့်မှေးခနဲပျော်နေရာမှလန့်နိုးလာရ၏။ သို့ပေမဲ့ အခန်းအတွင်းတိတ်ဆိတ်နေကာ ဘာသံမှမကြားရပေ။ ထို့နောက် လက်မှနာရီကိုကြည့်လိုက်ရာ မနက်တစ်နာရီခန့်သာရှိသေး၏။

" မောင် ငါခေါ်နေတာကြာပြီ မကြားဘူးလား "

ထိုသို့အသံကြားလိုက်ရသည်နောက် သူကြက်သေသေသွားမိ၏။ ပြီးမှ အသိ၀င်လာကာ မျက်၀န်းထဲမှမျက်ရည်များလည်း စီးကျလာပြီး ထိုင်နေရာမှထကာ ‌သည်းငယ်၏ခန္ဓာကိုယ်ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားမိ၏။

" နောက်ဆုံးတော့ နောက်ဆုံးတော့ မောင့်မေတ္တာတွေစစ်မှန်ခဲ့ပြီ "

ဗလုံးဗထွေးအသံဖြင့်စကားအချို့ဆိုလာ၍ သျှင်းထက်ကိုလည်း အသက်ရှူကျပ်မတပ်အားရပါးရဖက်ထား၏။  

" မင်းကလည်းကလေးကျနေတာပဲ .. ငိုနေတာရုပ်ဆိုးလိုက်တာနော် "

" မောင် မောင်၀မ်းသာလွန်းလို့ပါ "

ထိုသို့ဆိုကာ ခန္ဓာကိုယ်ကိုခွာသွားတော့ သူ့လက်တစ်ဖက်ကိုအားယူကာမြှောက်လိုက်ပြီး မောင်၏မျက်နှာပေါ်မှမျက်ရည်စများကိုသုတ်ပေးလိုက်၏။

" ငါ့ကြောင့် မင်းပင်ပန်းနေရပြီ "

" မောင်ပင်ပန်းရတာ သည်းငယ်ခံစားရတာလောက်မရှိခဲ့ပါဘူး "

သူပြုံးလိုက်၏။ သူ၏မောင်က အချစ်တတ်ဆုံးလူသားဆိုတာ သူမေ့နေခဲ့တာ။

မောင့်မျက်နှာပေါ်မှမျက်ရည်များခြောက်သွေ့သွားသည်နောက် တာ၀န်ခံဆရာ၀န်များကိုအချက်ပေးခလုတ်မှလှမ်းခေါ်လိုက်၏။ ထို့နောက် သူ့ကိုစစ်ဆေးမှုအထပ်ထပ်ပြုလုပ်သွားပြီး ပြန်ထွက်သွားကြ၏။

" အဲ့တုန်းက ဘာလို့မောင့်ကိုယ်စား၀င်ခံသွားရတာလဲဟင် "

အသိချင်ဆုံးဖြစ်သည့်မေးခွန်းကို သင်္ချေဦးစွာမေးမိ၏။ ထို့နောက် ပြန်ပေးလာသည့် အဖြေလေးကရိုးရှင်းစွာဖြစ်ပေမဲ့ သင်္ချေ့၏ရင်ထဲတင်းကျပ်သွားတော့သည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now