Part 17

11.7K 662 6
                                    

Uni

မင်းခိုက်က အိမ်တွင်လိုအပ်သည်များကို ဝယ်စရာရှိတာဝယ်၍ ပြန်လာတော့ မှောင်ရိပ်တောင်သန်းနေပြီ။ ဝယ်လာသည့်ပစ္စည်းများကို နေရာတကျထားပြီး Kitchen ထဲဝင်ကာ ရေနွေးအိုးတည်လိုက်သည်။

ဝုန်း!

အပေါ်ထပ်မှပစ္စည်းပစ်ချသံများကြောင့် လုပ်လက်စများကိုခနရပ်ကာ အပေါ်ထပ်ကိုပြေးရပြန်သည်။ တံခါးဖွင့်လိုက်တော့ ပစ္စည်းအားလုံးပွကျဲကာ အလယ်တွင်ရပ်နေသည့်လူကိုတွေ့ရ၏ .. ကိုယ့်ကိုကိုယ် ထိခိုက်အောင်လုပ်ထားတာမရှိသဖြင့် စိတ်ပူခြင်းအနည်းအငယ်လျော့သွားရသလို။

" မင်းခိုက်စိုးစံ ငါလိုးမသား ငါ့ကိုလွှတ်ပေး "

" ..............."

မင်းခိုက်ကဘာမှပြန်မပြောပဲ မျက်လွှာပင့်ကာကြည့်လိုက်သည် ..။

" လီးကြည့်တာလား မင်းနားကန်းနေလား "

" Dressing Room ထဲ အကျီၤဝယ်ထည့်ထားပေးတယ် ရေချိုးပြီးလဲလိုက် "

ဂရုမစိုက်သည့်ပုံစံဖြင့် ပြောချင်ရာပြော၍ ပြည့်ပြည့်ဖွထားသည့်ပစ္စည်းများကိုလိုက်သိမ်းနေသည် ..။

" ငါ့ကိုလွှတ်ပေးလို့ ခွေးကောင်ရဲ့ "

" မြန်မြန်သွားချိုးတော့ အေးနေပြီ "

" ငါလိုးမ ငါ Gay မဟုတ်ဘူး ငါမိန်းမပဲယူမှာ လွှတ်ပေးလို့ ၊ ခုချိန်လွှတ်ပေးရင် မင်းကိုရဲမတိုင်ဘူး "

" ကျေးဇူးတင်တယ် မလိုဘူး "

" ငါမင်းကိုမယူနိုင်ဘူးလို့ .. ငါကပြည့်စုံတဲ့မိသားစုဘဝလေးပဲလိုချင်တာ မင်းကလေးမွေးပေးနိုင်လို့လား "

" ခင်များလိုချင်ရင် ကျွန်တော်အကုန်လုပ်ပေးမယ် "

" မင်း! နောင်တကောင်းကောင်းရစေရမယ် "

ပြည့်ပြည့်က မင်းခိုက်ကိုလက်ညှိုးထိုး၍ မျက်ထောက်နီကြီးဖြင့်ကြည့်ကာ သတိပေးသည် .. မင်းခိုက်ကလည်း ထုံပေပေမျက်နှာထားဖြင့် ..

" သဒ္ဒါကသာပေးမယ်ဆိုရင် ဘာဖြစ်ဖြစ် ကျွန်တော်ယူနိုင်တယ် "

တစ်ဖက်ပိတ်ကောင်ကို ပြည့်ပြည့် ဘာမှဆက်ပြောမနေတော့ပဲ ရေချိုးခန်းထဲဝင်ကာ ဒီအိမ်ထဲကသူဘယ်လိုထွက်ရမလဲဆိုတာကို အကြံထုတ်နေရသည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now