Part 34

11.2K 583 17
                                    

Uni

ပူလိုက်တာ ..... ။

ဒီနှစ်နွေက အရင်နှစ်တွေထက်ပိုပူပြင်းလှ၏။ Aircon ခန်းထဲမှာ အလုပ်လုပ်နေရတဲ့သူတောင် အပူချိန်ကို ခံစားမိနေတာ နေပူထဲလုပ်ကိုင်ကြရသည့်လူတွေဘယ်လိုနေမလဲမသိ။ ကိုယ်ချင်းစာနာရင်း Construction Site ထဲက သူ့လူတွေကိုလစာတိုးပေးဖို့တွေးလိုက်၏။ တောတွေးတောင်တွေး၍ လက်မှတ်ထိုးရမည့်စာရင်းတစ်ထပ်ပြီးဆုံးသွားသည်နောက် မတ်တပ်ထရပ်ကာ အကျောအချင်ဆန့်လိုက်၏။

ထိုအချိန် ပြည့်ပြည့်ထံမှ Video Call ဝင်လာသည်ကြောင့် ကိုင်လိုက်၏။ ပထမဆုံးမြင်လိုက်ရသည်က ဟာဝိုင်အီတီရှပ်နှင့် နှစ်ယောက်သား သဲသောင်ပြင်ပေါ်လဲလျောင်းနေကြ၏။

" ဘာလုပ်ဖို့ခေါ်တာလဲ "

" ဒီမှာကြည့်စမ်း! ငါတို့သာယာနေတာ "

ပတ်ဝန်းကျင်အနှံ့ကိုပြသကာ သူ့ကိုကြွားလုံးထုတ်လာ၏။ ညအချိန်အခါမှာ ဟာဝိုင်အီ၏အလှက မီးရောင်နှင့်ပနံသင့်နေသည်။

" ငါပြန်လာရင်မင်းစီက အလုပ်ထွက်တော့မယ် ပြီးရင် ဒီကပေါင့်ပေါင့်အပိုင် Hotel ကို ဦးစီးတော့မယ်၊ မင်းတို့ကြည့်ရတာ ပင်ပန်းလိုက်တာ ဒီမှာအပန်းလာဖြေပါလား၊ အရမ်းသာယာတာနော်၊ Hotel Services ကလဲကောင်းအပြစ်ပြောစရာမရှိ "

" မင်းက Promotion ဆင်းပေးနေတာလား "

အသဲအသန်ကို ကြော်ငြာပေးနေသည့်ကိုကို့၏ ပါးစပ်ထဲသို့ အုန်းရည်ပိုက်ကိုထည့်ပေးလိုက်၏။ ညဘက်ကြီး အုန်းရည်သောက်ချင်သည်ဆိုသည်ကြောင့် သူ့မှာမရမကလိုက်ရှာပေးထားရတာ။

အုန်းရည်သောက်နေရင်း သကောင့်သားက သျှင်းထက်ကို့မျက်စပြစ်ပြနေသည်။ သူ့အမျိုးသားသူ့အပေါ် ဘယ်လောက်အလိုက်သိကြောင်းပြချင်နေတာ။အဖြောင့်ကောင်ကြီး ကိုယ့်လောက်သာအချစ်ခံရရင်ဘယ်လိုနေမလဲမသိ။ အမြင်ကပ်ကပ်ဖြင့် ညှစ်ကျယ်ကျယ်ပြုံးရင်း ..

" အဲ့တော့ မင်းက နေ့စံညခံပေါ့ "

" ဘာ! ဘာကိုပြောတာလဲ ဒါပဲ..ဒါပဲ ငါတို့အနားယူဦးမယ် "

သျှင်းထက်၏စကားကအရှိုက့်တည့်တည့်ကိုထိသည်ထင်သည် ..ချက်ချင်းကြီး မျက်နှာရဲတက်လာသလို ထည့်ထားသည့်မီးပုံမှ မီးရောင်ကပါဟပ်နေ၏။ ထို့ကြောင့် မသိလျှင်မျက်နှာပေါ်သို့အချဉ်ရေဖိတ်ကျထားသလိုဖြစ်နေသည်။ သျှင်းထက် ခပ်ဟဟရီမောကာလှောင်လိုက်၍ ..

My Boyfriend is a Billonaire ( Complete)Where stories live. Discover now