Part 23

11.2K 620 1
                                    

Uni

ဒီကနေ့အလုပ်မသွားပဲ နေမကောင်းချင်ယောင်ဆောင်ကာ ကိုကို့အနားကပ်နေရသည်။ သို့ပေမဲ့ Computer တစ်လုံးနဲ့အလုပ်ရှုပ်နေသည့် ကိုကိုက မင်းခိုက်ကိုမရှိသလိုနေ၍ လျစ်လျူရှုထားသဖြင့် စိတ်ထဲမတင်မကျဖြစ်နေတော့သည်။

" ကိုကို "

" ဟင်! "

" ကိုကို ကျွန်တော့်ကိုချစ်လားဟင် "

" ချစ်တယ် "

Computer ကိုအကြည့်မပျက်ရုံမက စိတ်ထဲကမပါသလိုဖြေလာသည်မို့ မင်းခိုက်တို့တင်းပြီလေ။ ထို့ကြောင့် ခပ်ဆတ်ဆတ်အသံဖြင့် ...

" ကိုကိုရာ စိတ်ထဲမပါရင်မပြောပါနဲ့ "

ဟူ၍ ပြောတော့ မင်းခိုက်ဘက်ကို စိတ်ရှုပ်သည့်အကြည့်များဖြင့်တစ်ချက်ဝေ့ကြည့်သည်ကြောင့် နုနုနယ်နယ် နှလုံးသားလေးနာကျင်သွားရတော့သည်။

" မရစ်ပါနဲ့ပေါင်ပေါင်ရာ ကိုကို..ပျက်သွားတဲ့ CCTV ကိုလိုက်လို့ရလားလို့လုပ်ကြည့်နေတာ "

" ကိုကို့အလုပ်ကအရေးကြီးလား ကျွန်တော်ကအရေးကြီးသလား "

" အဲ့လိုရစ်နေရင် နူးနူးတို့စီမှာပဲ သွားလုပ်တော့မယ် "

" အာ! စတာစတာ .. ကျွန်တော်ငြိမ်ငြိမ်လေးပဲနေတော့မယ် "

ပါးစပ်ကတိတ်ကျသွားပေမဲ့ လက်ကတော့အငြိမ်နေခြင်းမရှိပါ။ Mullet Style ညှပ်ထားသည့် သူ့ဆံပင်ကိုကလိနေပြန်သည်။ Computer ကိုကြည့်နေရင်း Screen မှတစ်ဆင့် အနောက်ကငဂျစ်ကောင်လေးကိုလည်း လှမ်းကြည့်ရသေးသည်။

" ကိုကို့ ကျွန်တော်ဝန်ခံစရာတစ်ခုရှိတယ် ဒါပေမဲ့ ကိုကိုစိတ်မဆိုးရဘူးနော် "

" အင်း "

ကိုကိုအလုပ်မှာစိတ်နစ်နေတုန်း မင်းခိုက်ဝန်ခံစရာရှိတာဝန်ခံရမည်။ ကိုကို့၏မျက်နှာကိုလှမ်းကြည့်လိုက်ရင်း လက်ညှိုးထိပ်နှစ်ခုကိုတို့ထိကာ မဝံ့မရဲဖြင့် ..

" အဲ့ညကလေ ကိုကိုသစ်ပင်အနောက်မှာရှိမှန်းကျွန်တော် သိတယ် "

" အင်း! "

" ခြံတစ်ဝိုက်ကို CCTV တပ်ထားလို့ .. ကိုကို ပျောက်သွားတော့ သွားပြေးကြည့်ပြီး သရုပ်ဆောင်လိုက်တာ ကိုကိုစိတ်မဆိုးဘူးမလား "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now