Part 14

16.1K 781 7
                                    

Uni

Tim skip!

" အင်း! Jack ဘာထူးလဲ "

သီးသန့်ခန်းထဲတွင် Medicine နှင့် Jack နှစ်ယောက်တည်းရှိနေသည် .. ဂျက်ကသူစုံစမ်း၍ ရသမျှအားတင်ပြလျက်ရှိကာ Medicine ၏ရှေ့တွင်ခပ်ရို့ရို့ရပ်နေသည်။

" ဂျာမနီမှာလို့ သတင်းရတယ် Medicine "

" အဲ့တာဆိုဂျာမနီကို Jay ကိုလိုက်ခိုင်းလိုက် .. မင်းက ဒီမှာပဲ သူခြေဆန့်ခဲ့တာတွေကိုဆက်စုံစမ်း "

" ဟုတ်ကဲ့ "

Jack ကနာခံစွာဖြင့် အရိုအသေးပေးကာပြန်ထွက်မည်အပြု Medicine စီ၌စကားလက်ကျန်ရှိသေးသဖြင့် တံခါး၀နား‌၌ရပ်ကာနားထောင်သည်။

" Hacking ပိုင်းအကူအညီလိုရင် Grammar စီသွားလိုက် "

ဟူ‌၍ပြောပြီးသည်နှင့် ဂျက်ကအလျင်အမြန်ထွက်သွားတော့သည်။ ထို့နောက် သူလည်းပဲ သီးသန့်အခန်းမှထွက်လာကာ ပင်မအဆောက်အဦးကို ပြန်လာခဲ့သည်။ မြို့စွန်က ဧကနှစ်ဆယ်ကျော် ခြံဝန်းအတွင်း အပန်းဖြေစံအိမ်ကြီးတစ်လုံးရှိသည်။ စံအိမ်အနောက်ဘက်မှာ 9 ဧကကျော် ရေကန်အကျယ်ကြီး တစ်ကန်ရှိသည်။

" ဘယ်လိုလဲ သျှင်းထက် "

" ဒီမှာ နာမည်အရင်းမသုံးပါနဲ့ Grammar "

ပြတ်သားသည့်အသံနှင့်အတူ မာကျောနေသည့်မျက်နှာထားကြောင့် Grammar မှလွဲ၍ကျန်သည့်လူများမှာ အသက်ပြင်းပြင်းမရှူဝံ။

" Okay Medicine "

" သူ့ဖုန်းကို ခြေရာခံပြီးပြီလား "

" အင်း!  တည်နေရာက ဒီမြို့မှာပဲပြနေတယ် ဖုန်းလဲသွားတယ်ထင်တယ် "

Grammar ရဲ့အဖြေကို ခေါင်းတစ်ချက်ငြိမ့်ပြကာတုန့်ပြန်လိုက်သည်။ ပြည်ပအဝင်အထွက်ပိတ်ထားသည်ကိုပင် ရအောင်ထွက်သွားသည်ဆိုတည်းက နောက်ကွယ်မှာ အာဏာကြီးတဲ့လူနဲ့ပတ်သတ်နေမည်။

"ငါရော ဘာလုပ်ပေးရဦးမလဲ Medicine "

June ကလက်နက်ခန်းထဲမှထွက်လာ၍ ခုံတစ်ခုံ၌၀င်ထိုင်ရင်းမေးတော့ Medicine ကတစ်ချက်မျှဝေ့ကြည့်ကာ ..

" အမေရိကန်အဖွဲ့နဲ့ ချိတ်ထားတဲ့ လက်နက်ကိစ္စကို ကိုင်လိုက်!  ဒီညနေသွားတွေရမှာ အဆင်ပြေတယ်မလား "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now