Part 7

19.5K 1K 60
                                    

Uni

" ဟင်! ကိန်းဘာလာလုပ်တာလဲ "

စားသောက်ထဲသို့၀င်လာသည်ကိုမြင်ရက်နဲ့ ဘာလာလုပ်တာလဲဆိုတော့ သူမက သင်္ချေကို လာကစားတယ်များထင်နေသလား။

" ကျုပ်က စားသောက်ဆိုင်လာပြီး ဘာလာလုပ်ရမှာလဲ ဒါနဲ့ကျုပ်ကို သင်္ချေလို့ပဲခေါ်ပါ "

" ကိန်း အဲ သင်္ချေကအရမ်းတစ်စိမ်းဆန်တာပဲ တို့ကခင်လို့နှုတ်ဆက်တာပါ အဟင်း! ဒါနဲ့ တို့မောင်လေးကို ကောင်လေးတော်တော်များများကြိုက်ကြတာပဲ ဘာလို့လဲမသိဘူးရော်"

ရယ်သွေး၍ ခြောက်ပြစ်ကင်းသဲလဲစင်မျက်နှာဖြင့် ဇီရာအပေါ်မေးခွန်းထုတ်ပုံက ပလီပလာဆန်လွန်းလှသည်။ သင်္ချေအပေါ် အားကိုးတကြီးကြည့်တတ်သည့်မျက်၀န်းများကလည်း စိတ်ရှုပ်စရာ။

" မသိရင်မသိသလိုနေလေ၊ သူကခင်များမှမဟုတ်တာ "

သင်္ချေက ထိုတစ်ခွန်းတည်းပြန်ပြော၍ သူမကိုကျော်ကာအတွင်းသို့၀င်လာခဲ့သည်။ ဒီမိန်းကလေး ဘယ်ခြေလှမ်းလှမ်းနေသည်ကို သူရိပ်မိပါသည်။ သူမ၏ ချွဲပြစ်ပြစ်စကားသံနဲ့ရေမွှေးနံ့ပြင်းပြင်းကို သူမကြိုက်ပါ..ပိုဆိုးသည်က ထိုမိန်းကလေးရဲ့ပုံစံကိုသူမကြိုက် .. သူကြိုက်သည်က ယောက်ျားဆန်ဆန်ကိုယ်သင်းနံ့လေးနဲ့ ပခုံးကျယ်ကျယ်၊တောင့်တောင့်တင်းတင်းခန္ဓာကိုယ်လေးဖြစ်သည်။

တစ်ဖက်တွက်ကျန်ခဲ့သော နှိုင်းကြည်ပြာဝေမှာ ဆွေ့ဆွေ့ခုန်နေသည်။ သူမရဲ့အလှအပနဲ့ဆွဲဆောင်ဟန်တွေကို ဘယ်ယောက်ျားကငြင်းဆန်ဖူးလို့လဲ။ ဒီကောင်လေးကို အဖိုးအိမ်မှာတွေ့ထဲက သူမသဘောကျမိသည်။ တစ်ဆက်တည်းထိုကောင်လေးက သျှင်းထက်ကိုစိတ်ဝင်စားနေတာသိရော ပိုပြီးပိုင်ဆိုင်ချင်ခဲ့သည်။ အဟင်း!မိန်းမတစ်ယောက်ရဲ့ မာယာကို ဘယ်သူက လွန်ဆန်နိုင်မှာလဲ။

သူ၏ ရှေ့တွင်ထိုင်နေသော လူသားလေးကိုကြည့်ပြီး သင်္ချေ့မှာ ဖက်နမ်းချင်စိတ်တဖွားဖွား။ ဒါပေမဲ့ လေထဲကအိမ်ကိုလေထဲမှာပဲ ဖျောက်ပစ်လိုက်သည်။ ဟိုကတိုက်ကွမ်ဒို ခါးပတ်နက်သမားမို့ နေရင်းထိုင်ရင်းဆန်ပြုတ်သောက်နေရမယ်လေ။ အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်ဆိုတဲ့စကားကို ရှေးလူကြီးတွေအလကားထားခဲ့တာမှ မဟုတ်တာ။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now