Part 31

11.3K 581 15
                                    

Uni

နောက်တစ်နေ့မနက်သို့ရောက်သော် YC ဆက်ခံသူနှင့်သူ၏တိတ်တိတ်ပုန်းအမျိုးသမီးဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းက နံနက်ခင်းသတင်း၏ ခေါင်းစီးပိုင်းတွင်ထပ်ပါလာ၏။ ပုံထဲ၌ YC ဆက်ခံသူက ကလေးကိုတစ်ဖက်ချီထားကာ တစ်ဖက်မှအမျိုးသမီး၏မျက်နှာကိုဝါးထား၏။ ရေးထားသည့်စာမှာလဲ  YC ဆက်ခံသူကကလေးနှင့်အမျိုးသမီးကိုတာဝန်မယူပဲ တိမ်းရှောင်နေသည်ကြောင့် အမျိုးသမီးမှ တရားစွဲဆိုထားခြင်း။

ထိုသတင်းကြောင့် YC Group မှ ရှယ်ယာဈေးများထိုးကျကာ ရှယ်ယာရှင်များနှင့် အလုပ်သမားအားလုံးကလည်း ဆန္ဒပြနေကြ၏။

" ဘယ်လိုလုပ်မလဲ CEO ရှယ်ယာရှင်တစ်ချို့ကလဲ နှုတ်ထွက်ဖို့တောင်းဆိုနေကြတယ် "

" ပေးနှုတ်ထွက်လိုက်ပါ .. ဒီကိစ္စကတော့ကာယကံရှင်လာရှင်းလိမ့်မယ် "

PA ထွက်သွားတော့ ဒီသတင်းကိုသာမြင်ရင် သူ၏သားတော်မောင်ဘယ်လိုဖြစ်သွားမလဲဟုစဉ်းစားမိသည်။ ၎င်း၏အသည်းသက်ညှာကလေး အထင်မလွဲရအောင် တော်တော်ပျာယာခတ်နေမှာပဲ။ သား၏ပုံစံကိုတွေးကြည့်ပြီး သူ၏ငယ်ဘဝကိုတမ်းတသတိရသည်။ သူ၏အမျိုးသမီးမျက်နှာပျက်လျှင် သူလည်းပဲ ကမ္ဘာပျက်မတက်ခံစားရသည်ကြောင့် သားကအဖေတူသားပင်။

အင်္ကျီလဲနေရင်း ကြားလိုက်ရသည့် Noti သံကြောင့် ဖုန်းကိုယူကြည့်လိုက်သည်။ ဖေဖေထံမှပေးပို့ထားသော Link တစ်ခုဖြစ်နေကာ ထိုအတွင်းသို့ဝင်ကြည့်လိုက်တော့ သင်္ချေ သူ့ကိုယ်သူတော်တော်ချီးကျူးမိသွားသည်။ လူကသာ ယင်မတောင်မသန်းဖူးတာ ထွက်လိုက်တဲ့ Rumor ဆိုတာ သူ၏အသက်နဲ့ညီမျှနေပြီ။

Post တွင်ပါလာသောပု့ကိုသေချာဖြဲကြည့်လိုက်၍ ပုံထဲကလူကသူဆိုတာသေချာပေမဲ့ သူ့မှာမိန်းမမရှိတာကလည်းသေချာပါသည်။

ခေါင်းမီးတောက်အောင်စဉ်းစားပြီးမှ အဆောက်အဦးနာမည်ကိုမြင်ပြီး သတိရသည်။ UK မှာနေတုန်းက နယ်ဘက်ကိုအဖွဲ့လိုက်ဆင်းရင်း အပျင်းဖျားနေသည့်ကလေးကြောင့် ဆေးရုံကိုသူကိုယ်တိုင်လိုက်ပို့ခဲ့ရတာပင်။ သူတောင်မသိလိုက်ပဲ ဒီပုံတွေကို ဘယ်သူရိုက်ထားတာလဲ။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now