Part 2

29.3K 1.5K 28
                                    

Uni

" ကိုတိကျကြီး .. နောက်ကျလို့ပါလား ရောက်ပြီပေါ့ "

အခန်းထဲသို့ဝင်ဝင်ချင်း ရွဲ့သလိုမေးလာသော တေဇစကားကို ကျန်သည့်နှစ်ကောင်ကလဲ ခေါင်းညိမ့်ကာထောက်ခံသည်။ ဒီကောင်တွေ၏မျက်နှာများက ပြောင်စပ်စပ်နဲ့ ရုပ်ခံလေးသာရှိမနေရင် ရူးနေတယ်လို့ထင်မိကြမှာအမှန် .. သင်္ချေဘာမှပြန်မပြောပဲ ခုံရှိရာသို့လျှောက်သွား၍ ၀င်ထိုင်လိုက်၍..

" ငါရောက်လို့ မင်းတို့မြင်နေရတာပေါ့ "

ဟုဘောက်ဆတ်ဆတ်ပြန်ဖြေတော့ အားလုံးကမဲ့ကာရွဲ့ကာကြည့်သည် .. ဒါကိုမသိကျိုးကျွန်ပြုလိုက်၍ အခန်းပတ်လည်ကိုကြည့်သည် .. အခန်းအပြင်အဆင်က Cleanly ဖြစ်လွန်းကာ သပ်ရပ်စွာရှိသည် .. ဒါတွေကြောင့်လဲ ဒီကောင်တွေ Company အောင်မြင်နေသည်ထင်သည်။

" ဟုတ်ပါပြီ မင်းဘာလို့နောက်ကျတာလဲ အလုပ်ကိစ္စပြောစရာရှိတယ်ဆို "

မင်းခိုက်ဆိုသည့် အလုပ်သရဲက အလုပ်အကြောင်းကို စမေးသဖြင့် သင်္ချေ၏အာရုံက မင်းခိုက်ထံပြန်ရောက်သွားသည် .. စိတ်ထဲ၌လည်း ဒီကောင် အားနေအလုပ်၊အလုပ်နဲ့ အလုပ်နဲ့များညားနေလားမသိပါဟု ဘုကန့်လန့်တွေးမိပြန်ပါသည်။

သင်္ချေတွေးလည်းတွေးချင်စရာပေ .. မင်းခိုက်သည်  နိုင်ငံခြားမှာကျောင်းတက်စဥ်ကတည်းက အတွေ့အကြုံဟုဆိုကာ Company များတွင် အလုပ်ဝင်လုပ်သည်၊ ထို့အပြင် လောဘကြီးစွာဖြင့် Construction Project များကိုရေးဆွဲ၍လေလံတင်ရောင်းသည်။ နိုင်ငံသို့ပြန်ရောက်တော့လည်း သူစုထားသမျှပိုက်ဆံများကိုအသုံးပြု၍  သူငယ်ချင်းသုံးယောက်စပ်တူသဘောဖြင့် Company ဖွင့်ကာ စတက်ခြင်းအောင်မြင်မူများနှင့်အားလုံး၏သဘောကျ၊လက်ခြင်းကိုခံရသည်က ချီးကျူးလောက်စရာပါပင်။ ယခု၌လည်း အလုပ်သရဲဆိုသည့်အမည်နာမအတိုင်း သူငယ်ချင်းတွေစုံသည်ကို ဘာဘာညာညာမပြောရမယ်မရှိဘူး။ အလုပ်ကိစ္စနဲ့ထိပ်ကပိတ်သည် .. အလုပ်လုပ်ရင်းသေမဲ့အကောင် ဟုစိတ်ထဲခပ်နာနာကြိတ်လိုက်ရင်း ..

"မင်းခိုက် မင်းကလဲကွာ အားနေအလုပ်အကြောင်းကြီးပဲ၊ မင်းမိန်းမယူဖို့ကြိတ်စုနေတာလား .. ငါတို့စုံတုန်းလေး အလုပ်ကိစ္စခနဘေးဖယ်ထားရအောင် "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now