Final

16.1K 546 18
                                    

Uni

Recommend Song - Photograph

" True Love Stories Never Have Endings."

                                            —Richard Bach

Save Date - 27 November

ငွေမှင်ရောင်မင်္ဂလာခန်းမကြီးကို အနီရောင်ကျူးလစ်ပန်းများဖြင့် အလှဆင်ထားကြ၏။ ခန်းမ၀င်ပေါက်ရှိ Board ပြားပေါ်မှ Name Design များကိုလည်း အနီရောင်ကျောက်များဖြင့်ထွင်းထုထားကာ ဘေးနားတွင်လည်း လိပ်ပြာပုံသဏ္ဍာန်ရောင်စုံကျောက်များနှင့် အသက်၀င်ရုပ်လုံးကြွလွန်းလှ၏။ အဝေးကကြည့်ရုံနဲ့ပင် အရှိန်အဝါများကိုခံစားနိုင်သလို တော်ရုံလူအနားမကပ်နိုင်သည့်အထိ ဖိအားများလွန်းတာကိုခံစားစေနိုင်၏။

ကတ္တီပါကော်ဇောနီတစ်လျောက် Juliet Rose ပန်းများကျဲချထား၏။ ထို့အတူ မီးရောင်စုံများဖြင့်လည်းအလှဆင်ထားကာ မီးဆိုင်းများထက်တွင်လည်း ကျူးလစ်ပန်းများရှိနေ၏။ ခန်းမတစ်ခုလုံး ပန်းရနံ့များသင်းပျံ့နေကာ အဖြူနှင့်အနီကိုရောစပ်သုံးထားသည်ကြောင့်  Cleanly ဖြစ်လွန်းကာ Decoration ပိုင်းက ဆန်းသစ်လွန်းလှ၏။

Stage အပြင်အဆင်ကလည်း အရမ်းကိုခမ်းနားလွန်းကာ နောက်က‌ေရးထိုးထားသော အမည်နာမနှစ်ခု၏ အရှိန်အဝါများက ကြက်သီးထစဖွယ်ကောင်းလှ၏။ ဧည့်ခံဝိုင်းများတွင်လည်း ကျူးလစ်ပန်းများကိုအသုံးပြုကာ အလှဆင်ထားသလို တစ်နေရာလုံး ကျူးလစ်ပန်းကြီးများသာကြီးစိုးနေ၏။ ထို့ကြောင့် ကျူးလစ်ပန်းခင်းထဲရောက်သွားသလိုခံစားရမှုကိုပေးစွမ်းနိုင်မှာပင်။

ပွဲကျင်းပရာ  Hotel ၏ အပြင်ဘက်တွင်တော့နှင်းဆီနီများဖြင့်သာ နာမည်များရေးထိုးထားကြ၏။ Car Packing မှအစ Hotel ၀င်ပေါက်မှအဆုံး အနုစိပ်သေချာပြင်ဆင်ထားကြ၏။

" အကို ခြည့်အနားလာဦး "

ခင်ပွန်းဖြစ်သူအနားရောက်လာတော့ လည်ပင်းမှကြယ်သီးကိုတပ်ပေးကာ အင်္ကျီကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ပေးလိုက်၏။ ထို့နောက် အပြင်သို့အတူတူထွက်ကာ ခန်းမအတွင်းသို့၀င်လာလိုက်ကြ၏။ ပွဲပြင်ဆင်မှုအခြေအနေကိုလေ့လာသုံးသပ်ပြီးနောက် စိတ်ကျေနပ်မှုရရှိသွား၏။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now