Part 13 ⚠︎ ( For Christmas)

22.2K 822 25
                                    

Uni

" အင်း! မောင် ငါ့ကိုလာကြို "

Company ဆင်းချိန်နောက်ကျသည်ကြောင့် ကားမမောင်းချင်သဖြင့် ဖုန်းဆက်ပြီး ရီးစားလေးကိုအပူကပ်ရသည်။

ရုံးခန်းထဲလည်းမစောင့်ချင်သည်ကြောင့် Company ရှေ့သို့ထွက်နေလိုက်ပြီး ဟိုဟိုဒီဒီ‌ လျှောက်ကြည့်မိနေတုန်း မျက်နှာချင်းဆိုင်လူသွားလမ်းမှ မိန်းကလေးတစ်ဖွဲ့ကမြင်ကွင်းထဲသို့၀င်လာတော့သည်။ ဒီနေ့ ခရစ်စမတ်နေ့ဖြစ်သဖြင့် လမ်းတစ်လျှောက် အလှဆင်ထားကြသည်။

ဆောင်းရာသီသည် နေဝင်ချိန်မြန်သဖြင့် မှောင်ရီပျိုးနေပြီဖြစ်တာကြောင့် အလှဆင်ထားသည့် မီးသီးများ ဖွင့်ထားကြချေပြီ။ ညအလှနဲ့ မိန်းမချောလေးများ လွန်စွာပနံ့သင့်လှသည်။ တစ်၊နှစ်၊သုံး၊လေး၊ငါး .. အင်း! မိန်းမချောလေးငါးယောက် ပုံစံလေးတွေက ယဉ်စစနဲ့အေးချမ်းစရာလေးတွေဖြစ်သည့်အပြင် ငါးယောက်စလုံးမှာ ခြေဒကောက်ကွေးထိရှည်လျားကြသည့်ဆံပင်ရှည်ကြီးများပိုင်ဆိုင်ထားသဖြင့် အကြည့်မလွှဲနိုင်ဖြစ်နေရတော့သည်။ အလှအပကို ခံစားနေခိုက် မျက်နှာကိုစူးခနဲလာထိုးသည့် ကားမီးရောင်ကြောင့် ဒေါသထွက်သွားရသည်။ စိတ်တိုတိုနဲ့ရန်သွားတွေ့မည်အပြု Limited Edition Model ကြောင့် သူ့ကောင်လေးဖြစ်မှန်းသတိရသည်။ ဒေါသထွက်နေတဲ့မျက်နှာကိုပြင်ကာ ပြုံးစိစိနဲ့ ကားစီအလျင်အမြန်သွားလိုက်ရသည်။

" ဟီး! မောင် စောင့်နေရတာကြာပြီလား "

"................"

"အားရှို့! မျက်မှောက်ကြုတ်ထားတာ မလှလိုက်တာ ဒီလိုလေးနေ ဒီလိုလေး "

တွန့်နေတဲ့မျက်ခုံးတွေကို လက်ဖြင့်ဖိချကာ နှုတ်ခမ်းစွန်း နှစ်ခုကို လက်ညှိုးနဲ့ တွန်းတင်လိုက်သည်။ အတင်းရုန်းနေသည့် မျက်နှာကြောင့် လက်နှစ်ဖက်ဖြင့် ဆွဲညှစ်ပြီး ချွန်ထွက်လာတဲ့ နှုတ်ခမ်းလေးကို ခပ်ဖွဖွထိတွေ့ပြီး အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်။

" ဘာဖြစ်နေတာလဲ!  ငါက ဒီတိုင်းကြည့်ရုံပါ ဘာစိတ်မရှိပါဘူး "

" ဟင့်! ရှိလို့ရောရမလား သူများသားသမီးကို စားပြီးထွေးထုတ် လုပ်ချင်မနေနဲ့ "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now