Part 42

9.7K 555 21
                                    

Uni

Dressing Room ထဲမှ Suit တစ်ထည်ကိုထုတ်ယူကာ ၀တ်ဆင်လိုက်၏။ ပြီးနောက် ဆံပင်များကိုပြောင်လက်နေအောင်ဆီလိမ်း၍ ခေါင်းစီးကွင်းနှင့်စုစည်းလိုက်၏။ သည်းငယ် နှင့်အတူတူမညှပ်ပဲထားထားသည့်သူ့ဆံပင်ရှည်က ခုဆိုဂုတ်ထောက်ရောက်နေပြီ။

သားတို့မမွေးခင်အထိ မုတ်ဆိတ်မွှေးနှင့်နှုတ်ခမ်းမွှေးများကိုလည်း မရိတ်ပဲထားထားရာ ဆေးရုံအုပ်ကပင်ခေါ်ဆူရသည်အထိ။ နောက်ပိုင်းမှသာ မနိုင်လို့လွှတ်ထားလိုက်ကာ သူကလည်းသားတို့၏မျက်နှာကိုမြင်ရသည့်အချိန်မှ နမ်းလျှင်စူးမည်စိုးသည်ကြောင့်ရိတ်ပစ်ခဲ့၏။ သို့သော် ဆံပင်ကိုတော့မထိခဲ့။

သူအားလုံးပြင်ဆင်ပြီးတော့ အောက်ထပ်ကိုဆင်းခဲ့၏။ မနက်စာစားနေကြသော သားနှစ်ယောက်ကိုနမ်းရှိုက်လိုက်ပြီး မေမေ့ကိုခွင့်တောင်းကာ မင်္ဂလာပွဲကျင်းပရာဘုရား‌ကျောင်းသို့ထွက်လာလိုက်၏။

ကားပါကင်ရောက်တော့ မင်းခိုက်တို့နှင့်စုံသဖြင့် အတူတူသွားလိုက်ကြ၏။

" ကိုသျှင်းထက်ကိုဘယ်သူစောင့်ပေး‌လဲ "

" မကြည်နူး "

မင်းခိုက်၏စကားကိုတိုရင်းလိုရှင်းပြန်ဖြေရင်း ဘုရားကျောင်းအပြင်အဆင်ကိုလိုက်ကြည့်မိသည်။ လက်ရာက ရှေးဟောင်းလက်ရာတစ်ခုဖြစ်ကာ တည်ဆောက်ခဲ့သည့်နှစ်ပေါင်းတော်တော်ကြာပြီထင်၏။

" Congratulations နော် တေဇ .. မင်းအဖေဖြစ်တော့မယ် Bar သွားတာဆင်ခြင် "

အတွင်း၌စောင့်နေသည့် တေဇအားမြင်တော့ ဦးစွာဂုဏ်ပြုစကားဆိုလိုက်၏။ သင်္ချေ၏မျက်လုံးထဲ ဆောင့်ကြွားဆောင့်ကြွားဖြစ်နေသည့် သကောင့်သားကနည်းနည်းအမြင်ကပ်စရာကောင်းသလို။

" ငါဘယ်မှာသွားတော့လို့လဲ .. ငါ့အချစ်တစ်မျိုးထင်သွားဦးမယ် "

မိန်းမရမှအရမ်းကိုလိမ်မာသွားသော တေဇပါ။ မိန်းမကိုလည်း ကြောက်ထားသည်မှာတုန်လို့ ဟိုကနည်းနည်းကောက်သွားရင် မိုးပြိုမလိုပဲဖြစ်ပျက်နေတာ။

သူတို့သူငယ်ချင်းတစ်စု တစ်နေရာထဲ၀င်ထိုင်လိုက်၏။ ကိုယ်စီကိုယ်စီကြင်ဖော်များပါလာပေမဲ့ သူကတော့တစ်ယောက်တည်းသာ။ ထို့နောက် ဖာသာရောက်ရှိလာကာ မင်္ဂလာစုံတွဲလည်းရောက်ရှိလာ၏။ နှစ်ဉီးသား ကတိက၀တ်ပြုနေကြသည်ကိုကြည့်ပြီး မျက်၀န်းထဲငွေ့ရည်အချို့ရစ်သိုင်းလာကာ သည်းငယ်မျက်နှာကိုမြင်ယောင်လာ၏။ သူလည်း တစ်နေ့နေ့ဒီလိုပွဲမျိုးဆင်နွဲရမှာပါ။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now