Part 45

10K 504 10
                                    

Uni

နေသာသည့်နေ့တစ်နေ့ ..။

ရာသီဥတုကကြည်လင်ကာ ကောင်းကင်ယံတွင်လည်း တိမ်တိုက်များကင်းစင်နေ၏။ ပြာလဲလဲ့မိုးကုတ်စက်ဝိုင်းကြီး၏အောက်က ချောင်းကမ်းစပ်နားတစ်ခုတွင် လူသုံးဦးပြေးလွှားဆော့ကစားနေကြပြီး တစ်ဦးကတော့ စံပယ်ပန်းရုံအောက်တွင်ထိုင်ကာ လူသုံးဦးကိုကြည့်နေ၏။ ရီမောသံများက ပတ်၀န်းကျင်တစ်၀ိုက်သို့ပျံလွှင့်နေ၍ စကားသံများကလည်း ရွှင်မြူးစွာထွက်ပေါ်နေတော့သည်။

" ကလေးတွေ .. ချောင်းထဲကျမယ်နော် သတိထားဦး "

" ချောင်းကတိမ်တိမ်လေးပါ စမ်းချောင်းလေးဟာကို မောင်ခုန်ကူးရင်တောင် ဟိုဖက်၊ဒီဖက်ရောက်တယ် "

ဟုပြော၍ ခြေတံရှည်ကြီးများဖြင့်ခုန်ကူးပြသည်.. ဆော့ကစားနေသည့်သားအဖတွေကိုဘာမှမပြောလိုတော့.  ပြောလို့လည်းမရမှာသိသဖြင့် ဘေးမှာသာထိုင်စောင့်နေလိုက်သည်။ ဒီနေ့က သူရောမောင်ရော အားလပ်ရက်၊ အလုပ်ပိတ်ရက်ဖြစ်သည့်အတွက် သားနှစ်ယောက်နှင့်အတူ မောင့်အပန်းဖြေအိမ်ကိုရောက်ရှိနေတာပင်။ ကလေးတွေက ကလေးသဘာ၀အတိုင်း ခုလိုမျိုး လည်ရ၊ပတ်ရ၊စားရ၊သောက်ရလျှင်အလွန်ကိုပျော်ကြ၏...။

မြက်ခင်းစိမ်းပေါ်တွင် ရီမောကာပျော်ရွှင်ကာ ပြေးလွှားနေသော အမျိုးသားလေးကိုကြည့်ပြီး အပျော်တွေပါသူ့ထံကူးစက်လာသလိုခံစား‌နေရ၏။ ထိုအမျိုးသားက သူ့အပိုင်ဖြစ်လာခဲ့တာကို သူယခုထိမယုံကြည်နိုင်သေး။ တွေးကြည့်မိတိုင်း ကြည်နူးနေရ၏။

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်က ဂျစ်ကန်ကန်ကလေးငယ်က ခုလိုကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပြီ။ မှတ်မှတ်ရရမဟုတ် အမှတ်တရဖြစ်ရှိခဲ့သည့်အချိန်များ။ ကောင်ငယ်လေး၏အန်တီနှင့်သူ၏အန်တီက သူငယ်ချင်းများဖြစ်ကြသည်ကြောင့် သူတို့နှစ်ဦးလည်း ခနတာကစားဖော်များဖြစ်ခဲ့ရသည်။ သူနဲ့အတူလာကစားပြီး သူ့ထဲမှချောကလက်စားချင်တိုင်းပြောတတ်သည်က ကိုကိုကြီးလာရင် သားယူမယ်။ ကိုကို့ကို လက်ထက်မယ် ဆိုတာပင်။ ထိုစကားများကို ငယ်လွန်းသောကောင်ငယ်လေးကမမှတ်မိ သူ၏ဦးနှောက်ထဲမှာတော့စွဲစွဲမြဲမြဲဖြင့် ထိုစဉ်ကတည်းထိုကောင်လေးက သူ့အပိုင်ဖြစ်လာရမည်ဟုတေးမှတ်ခဲ့တာ ..ယခုလက်ရှိမှာတော့ သူ့ကိုကိုကိုဟုခေါ်ဖူးသည့် နှုတ်ခမ်းပါးမှ သည်းငယ်ဟူသောဝေါဟာရလေး ထွက်လာခဲ့ပြီဖြစ်သည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now