Part 19

12.3K 688 10
                                    

Uni

YC Company ရဲ့ နှစ်ပတ်လည်အခမ်းအနားနေ့မို့ ဝန်ထမ်းအားလုံးလွတ်လပ်ရေးရနေသည်..။ ညရောက်လျှင်လဲ ညစာစားပွဲနှင့်အတူ အလုပ်ကြိုးစားသည့်ဝန်ထမ်းများကို ရာထူးတိုးပေးသည့်အခမ်းအနားလည်း ပါဝင်သည်ကြောင့် အားလုံးရင်ခုန်စိတ်လှုပ်ရှားနေကြသည်...။

CEO Zeyar Shinn Htet ဆိုသည့် Name Tag နဲ့အတူ ရောက်ရှိလာသည့် ငွေမှင်ရောင်ဖိတ်စာလေးကို ဖွင့်ဖတ်လိုက်သည်...။ပြီးနောက် ဖုန်းကောလ်တစ်ခုကိုစတင်ကာ Personal Designer ကို Black Suit တစ်ထည် ညနေအမှီဖန်တီးခိုင်းရသည်...။

" မြတ်သူ ည​‌နေကျ YC နှစ်ပတ်လည်ပွဲတက်စရာရှိတယ် .. လိုက်ခဲ့ပါ "

" ဟုတ်ကဲ့! ကိုသျှင်းထက် "

"အော်! ဒါနဲ့ Company ကို ဖိတ်စာဘယ်နှစ်စောင်ရောက်လဲ "

" စုံစမ်းလိုက်ပါ့မယ် "

" ရတယ် ထားလိုက်တော့ "

မြတ်သူထွက်သွားတော့ သျှင်းထက်လည်း ဝင်လာသည့် Mails ကိုစစ်နေလိုက်သည်..။  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် Collab Project ကိုလည်း ကိုယ်တိုင်ကိုင်တွယ်ရသလို Air Construction Project ကိုလည်း မလစ်ဟင်းရအောင်စစ်ဆေးနေရသည်။

                             *******

" အံမှူးရေ ဝင်ခိုင်းလိုက်တော့ "

" ဟုတ်ကဲ့! ကိုသင်္ချေ "

စကားဆုံးသည်နောက် အမျိုးသမီးကြီးတစ်ဦးနဲ့ကလေးမလေးတစ်ဦးဝင်ရောက်လာသည်။ သင်္ချေက နှစ်ဦးစလုံးကိုနွေးထွေးစွာပြုံးပြလိုက်၍ ..

"မင်္ဂလာပါ ထိုင်ပါခင်ဗျ! ထိုင်နော် ကလေးလေး "

ကလေးကလူကြောင်သည်ထင်ပါသည် မရဲတရဲဖြင့် သင်္ချေ့၏မျက်နှာကိုမော့ကြည့်ကာခေါင်းငြိမ့်ပြလာသည် ... ထို့နောက် အမျိုးသမီးကြီးမှကမ်းပေးလာသည့် စာရွက်ကိုလှမ်းယူ၍ ဖတ်ရှူလိုက်ပြီး ..

" ကေလးက မွေးရာပါ နှလုံးအားနည်းတာပဲ "

" အဲ့တာကို ဆရာမကြီးလဲခုမှသိတယ်ကွဲ့ ၊ ကလေးထိန်းတွေနဲ့ပဲလွတ်ထားတော့ ရောဂါလက္ခဏာတွေကိုသတိမပြုမိဘူး "

" ဆေးစစ်ချက်ကိုကြည့်ရသလောက်တော့ .. ခွဲစိတ်မှဖြစ်မယ်ထင်တယ် "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now