3.7K 141 2
                                    

တောင်ကြီးမြို့ရဲ့ ရာသီဥတုဟာ သိပ်ကို မျက်နှာများလှသည်။ နွေရာသီမှာ မြူတွေဆိုင်းချင် ဆိုင်းလာတတ်သလို  ဆောင်းရာသီမှာလည်း မိုးရွာချင်ရွာလာတတ်ပါသေးသည်။ ယနေ့မနက်လည်း အိပ်ရာထစအချိန်မှာ ကြည်လင်နေခဲ့သောရာသီဥတုသည် သူ  ဂျူတီသွားချိန်ရောက်ခါမှ ကောက်ခါငင်ခါ မိုးတွေရွာချလာတော့သည်။

" အေးလိုက်တာ  အေးလိုက်တာ  အေးလိုက်တာ   "
ချက်ချင်းဆိုသလို အအေးဓာတ်က ရောက်လာသဖြင့် နှုတ်မှအော်ညည်းမိသည်။
လက်နှစ်ဖက်ကိုပိုက်ရင်း ကိုယ်ကို ခပ်ကွေးကွေးလုပ်ကာ  အိမ်ထဲ ပြန်ဝင်ရတော့သည်။ အဝတ်ဗီရိုထဲမှ အညိုရောင် ဆွယ်တာကိုထုတ်ယူဝတ်လိုက်ပြီးမှ  အပေါ်ကနေ လောင်းကုတ်တစ်ထည်ထပ်ဝတ်လိုက်သည်။ ကားသော့ကိုယူပြီး အပြင်ပြန်ထွက်လာသည့်အခိုက် ခြံစည်ရိုးရှိ နှင်းဆီပင်ဟာ အပွင့်တွေရဲနေအောင် ပွင့်နေလေသည်ကိုလှမ်းမြင်လိုက် ရာ တံခါးနားရှိ ထီးကိုယူပြီး အပင်နားကို လျှောက်သွားလိုက်သည်။ အေးစက်သော မိုးရေတို့ဟာ ခပ်ဖွဲဖွဲကျဆင်းလျက် နှင်းဆီပွင့်ဖတ်တွေဟာ မိုးစက်တို့ကြောင့် စိုစိုရဲရဲ။ ငွားငွားစွင့်စွင့်ပွင့်နေလေသော ပန်းတစ်ပွင့်အား ချိုးယူလိုက်ပြီး  ကားဆီကိုပြန်လာခဲ့သည်။ထီးကို  ကားနောက်ခန်းရှိ ခြင်းငယ်ထဲတွင် ထည့်လိုက်ပြီးမှ  အရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။ ကားစက်မနှိုးရသေးခင်  ချိုးယူလာသော နှင်းဆီပန်းအား ကုတ်အင်္ကျီထက်တွင် ရင်ထိုးသဖွယ် ထိုးလိုက်သည်။ ခပ်သင်းသင်းနှင်းဆီရနံ့ကြောင့် စိတ်ကကြည်လင်သွားကာ ကားအတွင်းပျံ့လွင့်နေသော သီချင်းသံအေးအေးကို နှုတ်မှ လိုက်ဆိုရင်း  ဆေးရုံဆီထွက်လာခဲ့တော့သည်။

သူ တာဝန်ကျသည့် ဆေးရုံဟာတောင်ကြီးမြို့ပေါ်တွင်မဟုတ်ပေ။ တောင်အောက်ရှိ မြို့ငယ်လေးအထိ အချိန်ခဏပေးပြီးသွားရသေးသည်။ ဆေးရုံကိုရောက်သည့်အချိန်ကားရပ်နားသည့်နေရာတွင် ကားကိုထားပြီးမှ  ထီးကိုယူကာ  လျှောက်လာခဲ့သည်။ ပြင်ပလူနာဌာနကိုအရောက်မှာတော့  ထီးကို ခြင်းတောင်းထဲထည့်ပြီးမှ လှမ်းဝင်လာသည့်အချိန် တာဝန်ကျနေသည့် ဝန်ထမ်းများက နှုတ်ဆက်လာသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now