1.7K 93 5
                                    

ဝှီ..ဝီ...ဝှီ..ဝီ

ဆေးရုံနားမရောက်ခင်ကပင် ကြားနေရသော အရေးပေါ်ကားသံကြောင့်  သောက်လက်စ ရေနွေးကြမ်းခွက်ကို ချကာ လှမ်းကြည့်လိုက်မိသည်။ မလှမ်းမကမ်းက စားပွဲဝိုင်းမှာ တစ်ယောက်တည်းထိုင်နေသော အရုဏ်ဦးကို အမှတ်တမဲ့ လှမ်းကြည့်မိတော့ အေးအေးဆေးဆေး ပင် ထမင်းစားလို့နေခဲ့သည်။ရေနွေးကြမ်းကိုသာ အရသာခံသောက်ရင်း  ညနေခင်းအချိန် တောင်ကြီးမြို့ပေါ်ပြန်တက်ကာ ပြင်ပဆေးရုံကို သွားရဦးမည့်အကြောင်း တွေးမိပြန်သည်။ ဖုန်းသံခပ်တိုးတိုးကို​ကြားရတော့မှ  ပတ်ဝန်းကျင်ကို ပြန်ကြည့်မိသည်။ အရုဏ်ဦးဟာ ဖုန်းကိုချလိုက်ပြီး ဆိုင်ထဲကနေ ခပ်မြန်မြန်ထွက်သွားတော့  စောစောက အရေးပေါ်ကားဟာ medical ward နှင့်ဆိုင်သည့် လူနာတစ်ယောက်ဖြစ်မှန်း သေချာသွားသည်။

ဆေးရုံထဲ ပြန်ဝင်လိုက်သည်နှင့် အရေးပေါ်ဌာနတွင် ရှုပ်ယှက်ခပ်နေကြသည်ကို တွေ့ရသည်။

" CPR လုပ်မယ်   Defit စက်ပါ ပြင်ထား  " ( အရေးပေါ် အသက်ကယ်  Defit က ရင်ဘတ်၊ နှလုံးကို လျှပ်စစ်ရှော့ခ်ရိုက်တဲ့ဟာပါ )

အရုဏ်ဦးရဲ့ ညွှန်ကြားသံဟာ ပြတ်သားလှသည်။ လက်ထောက်ဆရာဝန်တွေဟာ ညွှန်ကြားချက်ကို တစ်သွေမ​တိမ်းလိုက်နာရင်း  လှုပ်ရှားမှုတွေကအစ မြန်ဆန်လို့နေကြသည်။ ဒါဟာ အရေးပေါ်ဌာနပင်။ နှေးနှေးကွေးကွေးအလုပ်လုပ်၍မရ၊ သတိမကပ်ဘဲ နေလို့မရသည်​့ ဌာနသာ ဖြစ်သည်။

" IV adrenaline ထိုးမယ်  " 

" IV adrenaline ထိုးပြီးပါပြီ   "

" CPR ပြန်စ   "

ဆရာဝန်လေး၏ နဖူးထက်တွင် ချွေးစက်များပင် သီးလို့နေခဲ့သည်။ လူနာ၏ရင်ဘတ်ပေါ်တွင် ယှက်တင်ထားသော လက်တို့ကတော့ စည်းချက်ကျကျ ဖိနေဆဲ။ အနားရှိ သူနာပြုဆရာမများကလည်း  ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို  အချိန်မီ ထိုးသွင်းပေးနေခဲ့သည်။

သူကတော့  အနီးကပ်ညွှန်ကြားနေသည့် အရုဏ်ဦးကို တစ်ချက်လှမ်းကြည့်ပြီးမှ  ခွဲစိတ်ဆောင်ဘက်ကိုသာ ဆက်လျှောက်ခဲ့တော့သည်။ ခွဲစိတ်ဆောင်ရောက်တော့ လူနာတွေအနား ပတ်သွားကာ အလုပ်များနေသည့် ဆရာမလေးတွေကို  ပြန်တော့မည့်အကြောင်း ပြောကာ  ပြန်ထွက်ခဲ့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now