1.8K 100 0
                                    

ဒေါက် ဒေါက် ဒေါက်

"ဝင်ခဲ့ပါ  "

ဖြိုးသူက တံခါးဝမှာ အပြုံးမျက်နှာနဲ့ ပေါ်လာသည်။

" OPD ကြည့်တော့မလား ဆရာ " ( ပြင်ပလူနာကြည့်)

ဖြိုးသူရဲ့စကားကြောင့် နာရီကို တစ်ချက်ကြည့်မိတော့ နေ့ခင်း တစ်နာရီပင်ရှိနေချေပြီ။ ကော်ဖီတစ်ခွက်သာ သောက်ထားရသေးသော်လည်း လူနာတွေစောင့်နေရမည်ကို အားနာသဖြင့် နေ့လည်စာကို နောက်မှသာစားရန်တွေးထားလိုက်သည်။

" အေး ကြည့်ကြတာပေါ့  "

ခွဲစိတ်ဆောင် အစွန်ဖျားရှိ OPD အခန်းထဲ ဝင်ကာ ထိုင်စောင့်လိုက်တော့  တာဝန်ကျ ဆရာမလေးတွေထဲက တစ်ယောက်ဖြစ်သည့်  နန်းခမ်းနောင့် က အခန်းထဲဝင်လာသည်။ လူနာမှတ်တမ်းတစ်ခုကို ချပေးရင်း

" ဒီနေ့ လူနာများတယ်ဆရာ   အခုက Follow up လာပြတဲ့ သူတွေကို အရင်ခေါ်လိုက်မယ်နော်  " ( ရက်ချိန်းပြန်ပြသူ )

" ဟုတ်ပြီ ခေါ်လိုက်လေ ဆရာမ "

ဆရာမလေးက စာအုပ်ကို ချပေးပြီး အပြင်ပြန်ထွက်ကာ လူနာနာမည်ကို အော်ခေါ်လိုက်သည်။

" ခွန်ထွန်းအောင် ရှိပါသလား   "

" ရှိတယ် ဆရာမ "

မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လာသော ခွန်ထွန်းအောင်ဟာ  အသက်လေးဆယ်ရွယ်ရှိလောက်ပြီဖြစ်သော ဦးလေးကြီးပင်။ စာအုပ်ကို ကြည့်လိုက်တော့  အရင်တစ်ပတ်က ဆေးရုံဆင်းပေးလိုက်သည့်လူနာပင်။ အူအတက်ပေါက်သဖြင့် ခွဲစိတ်ထားရသည့် လူနာပေမို့ ချုပ်ရိုးဖြည်ရန် လာခြင်းသာ ဖြစ်မည်ဟုလည်း ခန့်မှန်းမိလိုက်သည်။

" ဘယ်လိုနေလဲ ဦးလေး    "

" နေကောင်းသွားပြီဆရာ   ချုပ်ရိုးဖြည်ဖို့ပြန်လာခဲ့တာ  "

" ကဲ ဟုတ်ပါပြီ  ဟိုဘက်က ကုတင်ပေါ် လှဲလိုက်ပါဦး အနာလည်း တစ်ချက်ကြည့်ရအောင်  "

လူနာကုတင်ပေါ် လှဲအိပ်ခိုင်းလိုက်ပြီး အနီးနားရှိ လက်အိတ်တစ်စုံကိုစွပ်ကာ လူနာအနီးသို့သွားလိုက်သည်။ ဆရာမလေးကလည်း အလိုက်တသိပင်  အနာဆေးထည့်ဖို့ရာ အသင့်ပြင်ထားပေးသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now