၂၀ (End)

2.1K 90 12
                                    

ဆောင်းနှင်းမြူတို့သိပ်သိပ်သည်းသည်းကျဆင်းလျက်ရှိနေဆဲ အချိန်မှာပင် ဆေးရုံဝန်းအတွင်းရှိဝန်ထမ်းများဟာတော့ တာဝန်ကိုယ်စီနဲ့ ပြေးကြလွှားကြ သွားကြလာကြ လုပ်နေမြဲပင်။ သိုးမွှေးဆွယ်တာအဖြူနဲ့ ထဘီအနီဝတ်ဆရာမနှစ်ယောက် စားပွဲခုံမှထိုင်ရင်း မှတ်တမ်းရေးနေကာ တီးတိုးစကားဆိုနေကြသည်။

" ဟဲ့ ဆရာအရုဏ် နဲ့ ဆရာမိုးသောက် ပြန်အဆင်ပြေနေကြပြီထင်တယ်  ခုတလော နှစ်ယောက်သား အပေးအယူတွေတည့်နေတာ "

" ဟုတ်လား ငါ Medical ward မှာနေတုန်းကဖြင့် ဆရာအရုဏ်ကလေ  ဆရာမိုးသောက်အကြောင်းပြောလိုက်တာနဲ့ကို တည်တင်းနေတာ  "

" အမလေး အခုများဖြင့် ဆရာမိုးသောက်ကို show မယ့် patient ဆိုရင်  ရတယ် ကျွန်တော်ကိုယ်တိုင်ပဲ Patient အ​ခြေအနေ ပြောပြလိုက်တော့မယ် ဆိုပြီး Surgical Ward ထိ ကိုယ်တိုင်သွားတာ  "

ဆရာမနှစ်ယောက် ပြောလည်း ပြောချင်စရာပေပင်။ ဖျားနာဆောင်က ဆရာဝန် ဒေါက်တာအရုဏ်ဦး ဟာ ထိုအချိန်မှာလည်း ခွဲစိတ်ဆောင်က ဒေါက်တာမိုးသောက်အခန်းထဲ ရောက်နေခဲ့ပြန်သည်။

" မိုးသောက် ဒီ pt က DM ( ဆီးချိုရောဂါ ) ကြောင့် ဆေးရုံရောက်လာတာပဲ ဒါပေမယ့် အခုဖြစ်နေတဲ့ ပုံစံအရတော့ Appendicitis ( အူအတက်ယောင်) ထင်လို့ Ultrasound ရိုက်ခိုင်းထားတယ် ဖြစ်ဖို့ပဲများပါတယ် အဲ့တာ မင်း ဆက်ကြည့်ပေးဦး  "

လူနာမှတ်တမ်းစာအုပ်ကို စားပွဲပေါ်ချကာ အကြောင်းစုံပြောပြနေပေမယ့် တစ်ဖက်က ထိုင်ခုံပေါ်မှာရှိနေသည့် မိုးသောက် ကတော့ ကော်ဖီခွက်ကို ကိုင်ကာ ပြုံးစိစိလုပ်နေဆဲ။ အာရုံမစိုက်ဘဲ ရှိနေသည့်  မိုးသောက်ကို စိတ်တိုတိုနဲ့ အော်မိတော့သည်။

" မင်း ငါပြောနေတာကို နားရောထောင်ရဲ့လား  "
ထိုအခါမှ မိုးသောက်ဟာ ရယ်ကျဲကျဲနဲ့ ကော်ဖီခွက်ကို ချကာ ပြောလာသည်။

" ကြားပါတယ်ကွာ ကြားတယ် မင်းဘက်ကရော OT လုပ်ဖို့ Fit ပေးတယ်ပေါ့ အဲ့တာဆို ငါ့ဘက်ကလည်း တစ်ချက်စစ်ပြီး OT လုပ်ရုံပဲ  "

" DM က Controlled ( ရောဂါကို ပိုမဆိုးအောင်ထိန်းချုပ်နိုင် ) ရတဲ့အခြေအနေပါ Fit ပေးတယ်  Pre Op ( မခွဲစိတ်ခင် ပြင်ဆင်မှုများ) မှာတော့ GKI Drip ( ဆီးချိုလူနာတွေအတွက် သီးသန့်ဆေးပုလင်းချိတ်ခြင်း) ထည့်ဖို့ ဆရာမတွေကို ပြောထားလိုက်မယ်  "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now