2.1K 96 3
                                    

" swab check မယ်  "

( ခွဲစိတ်ရာတွင်သုံးသော ပစ္စည်းများကို ပြန်စစ်ခြင်း )
Dr မိုးသောက်ရဲ့ အသံကြောင့် ခွဲစိတ်ကုတင်နားရှိ သူနာပြုများမှာ သွက်သွက်လက်လက်ဖြင့် လှုပ်ရှားရတော့သည်။ ခွဲစိတ်မှုပြီးပြီမို့
ဝမ်းဗိုက်ထဲက အလွှာတစ်ခုကို မပိတ်ခင်မှာပဲ ပစ္စည်းတွေစုံ မစုံ စစ်ဆေးကြဖို့ပြင်သည်။ လက်ထောက်ဆရာဝန် လေးနှင့် သူနာပြုဆရာမက ပစ္စည်းတွေကို သေချာပြန်စစ်နေကြသည်။ whiteboard တွင်မှတ်ထားသော ပစ္စည်းအရေအတွက်နှင့် တိုက်ဆိုင်စစ်ဆေးရပြန်သည်။

" စုံပြီနော် ဆရာမ  "

" စုံပြီ ဆရာ  "

ထိုအချိန်မှသာ အလွှာကို ပြန်ပိတ်ရတော့သည်။ ၂နာရီကျော်ကျော်လောက် မတ်တပ်ရပ်နေရသဖြင့် လူကအတော် ညောင်းညာနေခဲ့ပြီ။ လက်ထောက်ဆရာဝန်လေးက အလိုက်တသိဖြင့် ပြောလာခဲ့သည်။

" ဆရာ နားလိုက်တော့လေ  skin ကို ကျွန်တော်ပဲ ပိတ်လိုက်တော့မယ်   "

( ဗိုက်ခွဲတဲ့အချိန်မှာ အရေပြားအောက်က အလွှာတစ်ခုချင်းဆီပြန်ချုပ်ရပါတယ် အရေပြားကို ချုပ်တာက နောက်ဆုံးပေါ့ )

" အေး  ကျေးဇူးပဲကွာ   အဲ့တာဆို   "

လူနာအခြေနေကို တစ်ချက်လောက်ကြည့်လိုက်ပြီးမှ လက်ထောက်ဆရာဝန်လေးဆီ လွှဲခဲ့လိုက်ကာ  ခွဲစိတ်သည့်နေရာမှ ထွက်လိုက်သည်။ လက်အိတ်ကို ချွတ်နေရင်းကနေ 

" ကဲ  ဆရာမကိုလည်း ကျေးဇူးတင်ပါတယ်  အကုန်လုံး ပင်ပန်းသွားပါပြီ ကျေးဇူးတင်ပါတယ်   "

ပြုံးပြုံးရွှင်ရွှင် ဖြင့်ဝန်ထမ်းတွေကို နှုတ်ဆက်လိုက်ပြီးမှ  ခွဲစိတ်ခန်းကနေ ထွက်လာကာ မိမိရုံးခန်းရှိရာဆီပြန်လာခဲ့သည်။ ခွဲခန်းဝတ်စုံကို  အခန်းထဲတွင် ချွတ်လဲပြီးနောက်  စားပွဲတွင်ဝင်ထိုင်လိုက်ကာ  လေပူတွေကို မှုတ်ထုတ်လိုက်မိသည်။ ကော်ဖီခါးခါးရဲ့အရသာကို တောင့်တမိသဖြင့် အသင့်ဖျော်ကော်ဖီထုတ်ကိုသွားယူကာ ကော်ဖီဖျော်ရန် ကြံစည်လိုက်ပေမယ့်  အခန်းထဲတွင် ကော်ဖီလက်ကျန်မရှိတော့။ သူနာပြုဆရာမများရှိရာဆီ သွားလိုက်ပြီး  ကော်ဖီထုပ်များကျန်နေသေးသလား မေးမြန်းရတော့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now