၁၈

1.2K 71 0
                                    


ပြင်ပလူနာကြည့်သည့်အခန်းထဲနေ အရုဏ်ဦး ထွက်လာတော့ ဆေးရုံရဲ့ ဧည့်ကြိုမိန်းကလေးက ခပ်သုတ်သုတ်လျှောက်လာကာ စာအိတ်ဖြူကို ကမ်းပေးသည်။ ထိုမိန်းကလေးလက်ထဲမှ စာအိတ်ဖြူကို ယူပြီးနောက် ပတ်ပတ်လည်ကို တစ်ချက်ကြည့်မိသည်။ ဆေးရုံအတွင်းမီးများပင်ထွန်းထားသည်အထိ ​မှောင်စပျိုးနေခဲ့လေပြီ။ လက်မှနာရီကို တစ်ချက်ကြည့်မိတော့ ညနေ ၆နာရီသာရှိသေးသည်။ ဆောင်းဝင်စမို့ နေဝင်သည်ကလည်း စောသည်ပင်။

" ဆရာမိုးသောက် ရော ပြန်သွားပြီလား "

ဧည့်ကြိုကောင်တာမှာ မေးလိုက်မိတော့ ဝန်ထမ်းတစ်ယောက်က ခပ်သွက်သွက်ပင် ဖြေလာခဲ့သည်။

" ဆရာမိုးသောက် OT တက်သွားပါတယ် ဆရာ နေ့ခင်း ၃နာရီလောက်ကတည်းက ဆိုတော့ ပြီးတော့မယ်ထင်ပါတယ် "

မိုးသောက်ရဲ့အကျင့်တစ်ခုက OT case တွေ ဆက်တိုက်လုပ်တတ်သည့်အရာပင်။ ခွဲစိတ်သင့်သည့် ရောဂါမျိုးဆိုလျှင် လူနာသဘောတူသည်နှင့် ချက်ချင်း ခွဲစိတ်ဖို့ပြင်ချလိုက်တတ်သည့် လူမျိုးဖြစ်သည်။ မိုးသောက်ကို စောင့်ဆိုင်းပြီးမှ ဆေးရုံကနေပြန်ဖို့ စိတ်ကူးထားသဖြင့် ကောင်တာက ဝန်ထမ်းကို မေးလိုက်မိသည်။

" OPD အခန်းတွေက အားပြီမလား ဆရာ အဲ့အခန်းထဲမှာ ခဏနေဦးမယ် "

" ဟုတ်ကဲ့ဆရာ ရပါတယ် ညနေစာရောပြင်ဆင်ပေးရမလားရှင့် "

" မပြင်ပါနဲ့ အထဲမှာပဲ ခဏနေဦးမယ် "

အခန်းတံခါးကိုစေ့ရုံသာ စေ့ထားခဲ့ပြီး ဆုံလည်ကုလားထိုင်ပေါ်ထိုင်ကာ သက်တောင့်သက်သာ မှီချလိုက်မိသည်။ နောက်တစ်ပတ်မှာလုပ်မည့် CME ( ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ) တစ်ခုအတွက် စာဖတ်ရမည်ကို အမှတ်ရလိုက်သဖြင့် Laptop ကိုဖွင့်ကာ တစ်ချက်ကြည့်နေလိုက်မိသည်။ အာရုံစူးစိုက်နေသဖြင့် အချိန်ဘယ်လောက်ကြာသွားသည်ကိုပင် မသိလိုက်ချေ။ တံခါးဖွင့်ကာ ဝင်လာသည့် မိုးသောက်ကို မြင်မှ မော့ကြည့်မိတော့သည်။

ခွဲစိတ်ခန်းက ပြန်လာသည်မို့ မိုးသောက် ဝင်လာလျှင် ဝင်လာချင်း ပိုးသတ်ဆေးအနံ့ပြင်းပြင်းက အရင် အနံ့ရလာလေသည်။ စားပွဲကိုမှီရင်း ဘေးနားမှာရပ်လာသည့် မိုးသောက်ကို လှည့်ကြည့်မိတော့ ခပ်နွမ်းနွမ်းမျက်နှာကို တွေ့လိုက်ရသည်။ မောက်စ်ကိုင်ထားသည့် သူ့လက်ပေါ်ကို အုပ်မိုးလာသည့် မိုးသောက်လက်တွေကြောင့် အထိတ်တလန့် နောက်ဆုတ်မိသည်။သူ့ပုံစံကိုကြည့်ရင်း မိုးသောက်က ခပ်ဟ ဟရယ်ကာ ပြောသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now