၁၅

1.5K 105 10
                                    

လရောင်သဲ့သဲ့ဟာ ကန်ရေပြင်ပေါ်တစ်ဝက်၊ အခန်းတွင်းသို့တစ်ဝက် ခွဲဝေဖြာကျနေခဲ့သည်။ ညအိပ်မီးမှိန်မှိန်ကပါ ရောယှက်ကာ ဖြာကျလေတော့ အခန်းတွင်းမြင်ကွင်းဟာ စိတ်ကူးယဥ်ဆန်ဆန်ကမ္ဘာငယ်တစ်ခုအလားပင်။ တစ်ချက် တစ်ချက် ပါတီပွဲမှ လွင့်ပျံ့လာသော အသံတချို့ကို ကြားနေရပေမယ့် အနှောင့်အယှက်တော့ မဖြစ်ခဲ့ပေ။

" ရေသွားချိုးလိုက် အရုဏ်ဦး  "

အိပ်ယာပေါ် တက်ထိုင်နေသော အမူးသမားကို ပြောလိုက်ပေမယ့် ဂျစ်ကန်ကန် အကြည့်တစ်ခုသာ ပြန်ရခဲ့လေသည်။ တံတားပေါ်မှာကတည်းက မကျေနပ်ချက်တွေကို ပေါက်ကွဲပြနေပေမယ့် အခြားလူများ မြင်တွေ့သွားမည်စိုးသဖြင့် အခန်းထဲရောက်အောင် မနည်းဆွဲခေါ်လာခဲ့ရပေသည်။ အခန်းထဲရောက်လာပေမယ့်လည်း  အရုဏ်ဦးရဲ့ မှုန်ကုပ်ကုပ်မျက်နှာဟာ ပြေလျော့မသွားခဲ့ပေ။

" ကဲ ဘာဖြစ်ချင်နေတာလဲကွာ  "

စိတ်မရှည်သလို သူ့စကားအဆုံးမှာတော့ အရုဏ်ဦးရဲ့မျက်နှာဟာ အောက်ကို ငိုက်စိုက်ကျသွားလေသည်။ ထိုကဲ့သို့သော ပုံစံကို မြင်ရပြန်တော့လည်း သူ့မှာ ​ခြေမကိုင်မိလက်မကိုင်မိဖြစ်ရပြန်သည်။

" မင်း ဘာလို့ ဒီမှာ နေနေသေးတာလဲ ပြန်သင့်တဲ့အချိန်ရောက်ပေမယ့် မင်း မပြန်ခဲ့ဘူး  ဒီမမှာ တစ်သက်လုံးနေမယ်ဆိုတဲ့ အဓိပ္ပါယ်လည်း မဟုတ်ဘူး  

မိုးသောက်.....

မင်းက တကယ့်လူဆိုးပဲ  "

ဟုတ်ပါရဲ့။ သူဟာ လူဆိုးတစ်ယောက်ဖြစ်နေခဲ့သည်ပဲ။ မချစ်ရသည်မဟုတ်ပါဘဲ မချစ်သာ၍ အဝေးမှာနေမယ် ဆိုပြန်တော့လည်း မျက်စိရှေ့မှောက် မြင်တွေ့နေရဖို့ ကြိုးစားမိခဲ့သည်။ အနှစ်နှစ်အလလက သိမ်းဆည်းထားခဲ့သော မကျေနပ်မှုတွေကို အရုဏ်ဦးက ပေါက်ကွဲထွက်ကာ ပြောနေခဲ့ပြီ။

" မင်းကို မေ့ဖို့ကြိုးစားနေတဲ့သူရှေ့မှာ မင်းက တည့်တည့်လာရပ်နေတယ်

ဖမ်းဆုပ်ထားလိုက်မယ်လို့ ကြိုးစားပြန်တော့လည်း ရှောင်ဖယ်သွားပြန်တယ်

မနီးစပ်အောင် ခပ်ဝေးဝေးကနေပေမယ့် နီးကပ်လာအောင် မင်းက လုပ်တယ်

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now