1.8K 92 11
                                    

" ဆရာ့အတွက် ယူခဲ့တာ စားလိုက်နော့် "

လက်ထဲကို ထည့်ပေးလာသည့် ဖက်ရွက်အထုပ်တွေဟာ အများကြီးပင်။ ပအို့ဝ်ခေါင်းပေါင်းပေါင်းထားသည့် အမိုးဟာ စကားသံဝဲဝဲဖြင့် ပြောရင်း မုန့်တွေကို အတင်းထိုးထည့်ပေးသည်။

" အမိုး ဒီလောက်အများကြီး မလိုဘူးလေ "

" များများစား များများစားမှ လူနာတွေကို များများကုနိုင်မှာ "

အမိုးစိတ်ကျေနပ်စေရန် မုန့်ထုပ်တွေကိုယူထားလိုက်ရသည်။ ရက်ချိန်းပြန်လာပြသည့်အမိုးဟာ သူ့ကိုပေးရန်အတွက် သီးသန့်လုပ်လာပေးသည့်ပုံပင်။ ရာသီဥတုက အေးနေသော်လည်း မုန့်ထုပ်တွေဟာ ပူနွေးနေဆဲ။ လူနာတွေကို အကုန်ကြည့်ပြီးသွားတော့မှ ဆရာမလေးတွေကို မုန့်ထုပ်တွေပေးလိုက်ရင်း

" အကုန်လုံး အတူတူစားကြတာပေါ့ဗျာ "

" ဟုတ်ကဲ့ဆရာ ကျွန်မတို့ နားနေခန်းထဲမှာ ပြင်ထားလိုက်မယ်နော် "

သူ့အခန်းထဲ ပြန်ကာ လက်ဆေးလိုက်ပြီးနောက် ဗီရိုထဲက ကော်ဖီထုပ်ကိုယူ၍ သောက်နေကျခွက်ထဲဖောက်ထည့်ကာ ဖျော်လိုက်သည်။ ကော်ဖီခွက်ကို ကိုင်ရင်း ဆရာမနားနေခန်းဘက်ရောက်တော့ ပန်းကန်ပြားတွေထဲ ထည့်ထားသည့် မုန့်တွေကို တွေ့လိုက်ရသည်။

"ဆရာရေ ဟင်းထုပ်တွေရော မုန်ညှင်းပေါင်းတွေရော ပေးခဲ့တာ အများကြီးပဲ "

ဆန်မှုန့်နှင့်သေချာပေါင်းထားသည့် မုန့်တွေဟာ အမြင်နှင့်ပင် စားချင်စရာကောင်းလှသည်။

" လာပြီဗျာ ဂျူးချောင်းနဲ့ ငရုပ်ကြော် ရလာပါပြီဗျာ "

ဖြိုးသူဟာ ကျွတ်ကျွတ်အိတ်တွေကို မြှောက်ရင်း အပြေးဝင်လာသည်။ သူ့ကို မြင်တော့ ကိုယ်ရှိန်သပ်ကာ စပ်ဖြီးဖြီးနှင့်ရယ်ရင်း ဆရာမလေးတွေအနား တိုးကပ်သွားသည်။ဂျူးမြစ်တွေကို ရေသေချာဆေးကာ ပန်းကန်ပြားထဲထည့်ပြီး ငရုပ်သီးတောင့်ကြော်တွေကိုပါ ပန်းကန်လုံးထဲ ထည့်လိုက်သည်။ မုန်ညှင်းချဥ်ဟာလည်း ပန်းကန်တစ်လုံးနှင့် သီးသန့်ရှိနေခဲ့သည်။ တာဝန်ကျ ဆရာဝန် ဆရာမစုစုပေါင်းမှ ၅ယောက်သာ ရှိသည်မို့ စားပွဲတစ်ခုတည်းမှာ အတူဝင်ထိုင်ကြလျှင်တောင် နေရာတွေက လွတ်နေသေးသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now