၁၁

1.5K 89 6
                                    

အရေးပေါ်ဌာနကို နှစ်ယောက်အတူဖြတ်လျှောက်လာတော့ ဝန်ထမ်းတွေရဲ့အကြည့်တွေက သူတို့နှစ်ယောက်ဆီ တန်းကနဲ ရောက်လာသည်။ သူတို့အမြင်တွင် surgeon နှင့် physician (ခွဲစိတ်ဆရာဝန်နဲ့ သမားတော် ) က မျက်နှာကြောမတည့်ကြဟု ယူဆထားခဲ့ကြသည်မဟုတ်ပါလား။ ယခုလို ကားတစ်စီးတည်း အတူစီးကာ ရောက်ချလာတော့ မသိမသာ ခိုးကြည့်ကြတော့သည်။ ခပ်တည်တည်နှင့် ကိုယ့် ward ကိုယ်သာ  ဆက်လျှောက်သွားတော့ အငယ်တွေရဲ့ တီးတိုးသဖန်းပိုးထိုး တော့မည့် အရိပ်အယောင်ကို မြင်ပေမယ့် မသိချင်ယောင်သာ ဆောင်ထားလိုက်သည်။

" မိုးတွေရွာတော့မှာပဲ  "

"မိုးကြိုးတွေပါ ပါလာနိုင်တယ်  "

"အေးနော် ထူးထူးဆန်းဆန်း  ဒါနဲ့  ဆရာမိုးသောက်နဲ့ ဆရာအရုဏ်က အတန်းတူ သူငယ်ချင်းတွေတဲ့   "

" ဟုတ်လား  သူစိမ်းတွေလိုပဲနော် "

ခွဲစိတ်ဆောင်ထဲဝင်လိုက်သည်နှင့် ဆေးပုလင်းတန်းလန်းချိတ်ထားသည့် လူနာတွေကို တော်တော်များများတွေ့လိုက်ရသည်။ တာဝန်ကျ ဆရာမလေးနှစ်ယောက်မှာ လူနာကုတင်တွေကြားပတ်သွားနေတုန်း သူ့ကိုမြင်တော့ လှမ်းပြီး နှုတ်ဆက်လာသည်။

" ဆရာ Morning  "

" Morning ဆရာမ မနေ့ညက patient အ​ခြေအနေ ဘယ်လိုလဲ  "

သူ့အမေးကြောင့် ဆရာမလေးက အနားကို လျှောက်လာပြီး ဖြေသည်။

" 1hourly monitor လုပ်ထားပါတယ်  vital signs တွေကောင်းပါတယ် ဆရာ

Drip က ဒီနေ့မနက်အထိ ၃ လုံးဝင်သွားပါပြီ  လူနာကလည်း သတိကောင်းကောင်းရပါတယ်  စောစောကတော့ pain complain လာတယ် ဆရာ  "

" suppo ပဲပေးထားပါ ဆရာမ. ညဘက် ဆိုရင်တော့ အိပ်ခါနီး Injection ပေးလို့ရတယ်  para ထည့်ပေးထားပြီးသားမလား "

( suppo ဒုံးကျည်တောင့်
injection ထိုးဆေး)

"para tds ပေးပြီးသားပါ ဆရာ  "

" ရတယ်  Nothing by mouth ပဲဆက်ထားမယ်နော်  ခဏနေ round ရင်းနဲ့မှ changes ပြောတာပေါ့ "

"ဟုတ်ကဲ့ ဆရာ  "

အခန်းထဲဝင်ထိုင်ကာ ward ထဲရှိသည့် လူနာတချို့အကြောင်း ပြန်တွေးပြီး စဥ်းစားရသည်။ ယနေ့ ပြင်ပလူနာ ကြည့်ဖို့မရှိသည်ကလည်း ကံကောင်းသည်။ ward ထဲ round ပြီး ပြန်လို့ရသည်။ မဟုတ်လျှင် ညနေအထိ ကြာသွားပေမည်။ နေမကောင်းသည့် ဆရာဝန်ကို ပြန်လိုက်ပို့လို့ ရတော့မည်မဟုတ်။ အခန်းထဲမှာ ကြာကြာအချိန်ဆွဲမနေတော့ဘဲ  round လှည့်ဖို့ ပြင်သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now